25 C
Yangon

ဘုတလင်၊ စိုင်ပြင်ရွာရှိ ဗကသ ရုံးခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး သမဂ္ဂ ကျောင်းသားများကို အစုလိုက် အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ကနဦးသိရ

Must read

ဘုတလင်၊ စိုင်ပြင်ရွာရှိ ဗကသ ရုံးခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး သမဂ္ဂ ကျောင်းသားများကို အစုလိုက် အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ကနဦးသိရ

ရန်ကုန်၊ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်ရွာရှိ ဗကသ ရုံးခန်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး သမဂ္ဂ ကျောင်းသားများကို အစုလိုက် အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများ ပြောဆိုချက်အရ ကနဦး သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စိုင်ပြင်ရွာ စာသင်ကျောင်းရှိ ဗကသ ရုံးခန်းကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး ရုံးခန်းရှိ သမဂ္ဂ ကျောင်းသားရဲဘော်များကို အစုလိုက် အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” ဒီမနက် စိုင်ပြင်ရွာက စာသင်ကျောင်းကို မီးရှို့သွားပြီး စာသင်ကျောင်းထဲမှာ ရှိတဲ့သူ အကုန်လုံးကို သတ်ဖြတ်သွားတယ်လို့ သိရတယ်။ အသတ်ခံထားရတာတွေလည်းများတယ်။ အခုညောင်ကန်ရွာကိုမီးရှို့ထားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ဗကသများ အဖွဲ့ချုပ်ကလည်း “ဘုတလင်မြို့နယ် ဗကသရုံးခန်းကို ဒီကနေ့ ဇူလိုင်လ ‌၂၈ ရက်နေ့ မနက်ပိုင်းမှာ ဖက်ဆစ်တပ်က ဝင်ရောက်စီးနင်းပြီး မြိုနယ်ဗကသ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူး အပါအဝင် ဗကသရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်သွားပါတယ်” ဟု တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်စဥ် အသေးစိတ်ကို စုံစမ်းနေကာ ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article