29 C
Yangon

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရရှိမှု‌ ကျဆင်းသွားပြီး အလုပ် သမားများ၏ အနာဂတ် မရေမရာဖြစ်နေကာ လူမှုစီးပွား ကမောက်မ ဖြစ်နေဟု ILO သတိပေး

Must read

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရရှိမှု‌ ကျဆင်းသွားပြီး အလုပ် သမားများ၏ အနာဂတ် မရေမရာဖြစ်နေကာ လူမှုစီးပွား ကမောက်မ ဖြစ်နေဟု ILO သတိပေး

ရန်ကုန် ၊ ဇူလိုင် ၂၉

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရရှိမှုများ ကျဆင်းသွားပြီး အလုပ် သမားများ၏ အနာဂတ် မရေမရာ အခြေအနေတွင်ရှိနေကာ လူမှုစီးပွား ကမောက်ကမဖြစ်နေကြောင်း အပြည်ပည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က သတိ ပေးချက် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ်တွင်း အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းခံရမှုတို့ကြောင့် ၂၀၂၂ ခုနှစ်တွင် အလုပ်အကိုင်နှင့် လူဦးရေ၏ အချိုးအစားသည် ၂၀၁၇ ခုနှစ် အခြေအနေထက် ၈ ဒသမ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းသွားပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၌ အလုပ်အကိုင်နှင့် လူဦးရေ၏ အချိုးအစားသည် ၅၄ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။

မြန်မာအလုပ်သမားများ၏ အလုပ်အကိုင် အရည်အသွေးလည်း ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကုန်ထုတ်လုပ်မှု ၈ ရာခိုင် နှုန်းကျဆင်းခဲ့ကာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် နောက်ထပ် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ကျဆင်းမှုသည် အလုပ်လုပ်ကိုင်နိုင်သည့် အမျိုးသမီးများအပေါ် သက်ရောက်မှု ကြီးမားပြီး အမျိုးသမီးများ အလုပ်အကိုင်ခက်ခဲမှု အရေအတွက်သည် အမျိုးသားများထက် နှစ်ဆမြင့် မားနေကြောင်း သိရှိရသည်။

“အလုပ်သမားအများအပြားက မရေရာတဲ့အနာဂတ်ကို ရင်ဆိုင်နေရတာနဲ့အတူ၊ မြန်မာနိုင်ငံမှာ အလုပ် အကိုင်အခြေအနေတွေ မခိုင်မခံ့မှုနဲ့စိန်ခေါ်မှုအောက်တွေမှာ ရှိနေဆဲဖြစ်တယ်။ ဒီမိုကရေစီ စနစ်ပြန် လည်ထွန်းကားရေးဟာ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေရဲ့ အနာဂတ် အလားအလာ အတွက် အလွန်အရေးပါတဲ့ အခြေအနေ မှာဆက်ရှိနေပြီး၊ ဒီမိုကရေစီစနစ်ကို ပြန်လည် ကျင့်သုံး ရေးဟာ လူမှုရေးတရားမျှတမှုနှင့် သင့်လျော် ကောင်းမွန်သော အလုပ်အတွက်လိုအပ်တဲ့ ကြိုတင်သတ်မှတ်ရမယ့် အခြေအနေဖြစ်တယ်”ဟု ILO ( မြန်မာ ) ၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Donglin LI က ပြောကြားသည်။

တရားမ၀င် လုပ်သားများ ပိုမိုဝင်ရောက်လာသဖြင့် အလုပ်အကိုင် အရည်အသွေး ကျဆင်းလာ ကြောင်း၊ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အလုပ်အကိုင်နှင့် လူဦးရေအချိုးသည် အမျိုးသားများ ထက် နှစ်ဆခန့် ကျဆင်းလာသဖြင့် အမျိုးသမီးများအပေါ် အချိုးမညီသော သက်ရောက်မှုရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article