27 C
Yangon

အကြမ်းဖက် စစ်တပ်နှင့် စေ့စပ်ရေးလုပ်သူ မှန်သမျှ ပြည်ပြတ်သားသား ဆန့်ကျင်ရှုတ်ချဟု တော်လှန်ရေးအဖွဲ့ ၁၁ ခုက ပူးပေါင်းကြေညာ

Must read

အကြမ်းဖက် စစ်တပ်နှင့် စေ့စပ်ရေးလုပ်သူ မှန်သမျှ ပြည်ပြတ်သားသား ဆန့်ကျင်ရှုတ်ချဟု တော်လှန်ရေးအဖွဲ့ ၁၁ ခုက ပူးပေါင်းကြေညာ

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက်စစ်တပ်နှင့် စေ့စပ်ရေးလျှောက်လှမ်းသူ မည်သူမဆို မည်သည့် အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင့်ရှုတ်ချကြောင်း တော်လှန် ရေး အဖွဲ့ ၁၁ ဖွဲ့က ဇူလိုင် ၃၁ ရက်နေ့တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက် သည်။

တော်လှန်ရေးအဖွဲ့ ၁၁ ခုဖြစ်သည့် Ayeyarwaddy Federal School Students Union၊ Ayeyarwaddy Youths’ Union (AYU)၊ Power Of Education Students Union၊ Political Prisoners Network (Myanmar)၊ UCY Foundation၊ Youths’ Force in Ayeyarwaddy Region (YFAR)၊ ကြယ်နီတပ်ဦး၊ တိုးတက်သောလူငယ်အစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသ)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊ ဧရာဝတီ တော်လှန်တပ်ဦး၊ ဧရာဝတီတိုင်းလယ်သမားအင်အားစုများက ထိုသို့ ကြေညာခြင်းဖြစ်သည်။

စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား စသည့် စစ်သုံးဖြင့် တည် ဆောက် ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရန်မှာ ယနေ့ တော်လှန်ရေး၏ သမိုင်းပေးတာဝန်ဖြစ်ပြီး စစ်သုံးစစ်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ တိုက်ပွဲ ဝင်ကြရန် အထူးလိုအပ်ကြောင်း၊ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း တိုက်ခိုက်ရန်လိုသည့် အပြုအမူအားလုံးကို ချေမှုန်းတိုက်ဖျက် သွားမည် ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်သုံးစစ်အမြစ်ဖြတ်ရေးအတွက် “တူတာတွဲလုပ်၊ မတူတာခွဲလုပ်” ဟူသည့် အခြေခံပေါ်တွင် တပ်ပေါင်းစုဖွဲ့စည်းရေး ကြိုးပမ်းဆောင်ရွက်သွားရန် အထူးလိုအပ်ကြောင်း တော်လှန်ရေးအဖွဲ့ ၁၁ ခုက ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article