30 C
Yangon

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လမ်း ကြောင်း ပြောင်းလဲစရာမရှိဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောဆို

Must read

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လမ်း ကြောင်း ပြောင်းလဲစရာမရှိဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောဆို

ရန်ကုန်၊ ဩဂုတ် ၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်လာသည့်တိုင် အကြမ်းဖက် စစ်အုပ်စု ပြုတ်ကျရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်း ပြောင်းလဲစရာ မရှိကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။

ယမန်နေ့ ညနေ ၄ နာရီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ အထူးအစည်းအဝေးတရပ်ကို ကျင်းပစဉ် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။ ကျနော်တို့မပြောင်းပါဘူးလို့ ဒီအစည်းအဝေးမှာလည်းပြောချင်ပါတယ်။ ၂၀၀၈ ရှိနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်မှာမဟုတ်။ အဓိကက အကြမ်းဖက်စစ်အုပ်စုပြုတ်ကျဖို့ လိုအပ်နေပါတယ်။ ဝိုင်းဝန်းဆောင်ရွက်ကြရင်မဖြစ်နိုင်စရာမရှိပါဘူး” ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကလည်း အကြမ်းဖက်စစ်အုပ်စု အကွက်ဆင်သည့် လိုက်မသွားရန် အရေးကြီးသည်ဟု ထောက်ပြထားသည်။

“ကျနော်တို့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရှိပါတယ်။ (၁) အာဏာရှင်လုံးဝအမြစ်ပြတ်ရေးနဲ့ (၂) ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးသာ အဓိကဖြစ်ပါတယ်။ အရေးကြီးဆုံး လမ်းကြောင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်း (political path) ကရပြီးသားဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုပဲဖြစ်ဖြစ် အကြမ်းဖက်စစ်အုပ်စု အကွက်ဆင်တဲ့ဘက် မလိုက်သွားဖို့ အရေးကြီးပါတယ်” ဟု နိုင်ငံတော်ယာယီသမ္မတက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး သုံးသပ်ဆွေးနွေးကြပြီး၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဟာမိတ်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သော လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article