34 C
Yangon

တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ၂ ဦး၊ ဝန်ကြီး ၄ ဦး နှင့် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၀ ဦးကို ရာထူးမှ ထုတ်ပယ် အနားပေး

Must read

တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ၂ ဦး၊ ဝန်ကြီး ၄ ဦး နှင့် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၀ ဦးကို ရာထူးမှ ထုတ်ပယ် အနားပေး

ရန်ကုန်၊ ဩဂုတ် ၂

အကြမ်းဖက်စစ်ကောင်စီက တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ အဂတိလိုက် စားမှု တိုက်ဖျက်ရေး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ၂ ဦး၊ ဝန်ကြီး ၄ ဦး နှင့် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၀ ဦးကို ရာထူးမှ ထုတ်ပယ် အနားပေးလိုက်ကြောင်း ယနေ့ ညပိုင်း ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီအဖွဲ့ဝင် မောင်ကို၊ဒေါက်တာအောင်ကျော်မင်းတို့ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းကို ဗဟိုအကြံပေးအဖြစ်လည်းကောင်း ပြောင်းရွှေ့ကြောင်း ကြေညာသည်။

ထို့ပြင် တရားသူကြီးချုပ် ထွန်းထွန်းဦး၊ သာသနာရေးဝန်ကြီး ကိုကို ၊ လျှပ်စစ်ဝန်ကြီး သောင်းဟန်၊ စာရင်းစစ်ချုပ် တင်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဌေးအောင်၊ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင် ဥက္ကဋ္ဌ လှမြင့်၊ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ကို ရာထူးမှ အနားပေးကြောင်း သိရှိရသည်။

အနားပေးခံရသော စွမ်းအင်ဝန်ကြီး အမည်ခံ မျိုးမြင့်ဦး
အနားပေးခံရသော လျှပ်စစ်ဝန်ကြီး အမည်ခံ သောင်းဟန်
အနားပေးခံရသော စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာအောင်ကျော်မင်း
အနားပေးခံရသော စစ်ကောင်စီအဖွဲ့ဝင် မောင်ကို
အနားပေးခံရသော သာသနာရေးဝန်ကြီး အမည်ခံ ကိုကို
အနားပေးခံရသော အလုပ်သမားဝန်ကြီး အမည်ခံ ဒေါက်တာ ပွင့်ဆန်း
အနားပေးခံရသော လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ လှမြင့်။
အနားပေးခံရသော စာရင်းစစ်ချုပ် တင်ဦး။
အနားပေးခံရသော အဂတိလိုက်စားမှု ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်
စစ်ကောင်စီအဖွဲ့ဝင် အဖြစ်မှ ဗဟိုအကြံပေး အဖြစ် ရာထူး ပြောင်းရွှေ့ ဖယ်ရှားခံလိုက်ရသည့် ဒေါက်တာ ကျော်ထွန်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article