ဒီပဲယင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို အနီးကပ်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အနီး ကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပုဂံပြည် ဘီလူးတပ် – Bagan Orge Force PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က ရေဦးမြို့နယ်မှ ထွက်လာသော အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာအရောက် နောက်ချန်ထားခဲ့သော စစ်သားများကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ရှေ့မှထွက်ခွာသွားသော စစ် ကြောင်းမှ ပြန်လည်လှည့်လာပြီး တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးစစ်သားများ အသုံးပြုသော လက်နက်ခဲယမ်းကောက်ချိန်မရပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ခွေးတွေ သေနေတာ မြင်ရတယ်၊ ဘယ်လိုမှ အနားကပ်မရလို့ လက်နက်တွေယူလို့ မရခဲ့ဘူး၊ ပွဲက အတော်ကြမ်းတာ၊ အနည်းဆုံး ၇ ကောင် ၈ ကောင်သေတယ်၊ ကျည်အင်အားလည်း အတော်သုံးလိုက် ရတယ်၊ နောက်ချန်ထားခဲ့တဲ့ခွေးတွေကို နောက်ပိုးသိပ်လိုက်တော့ ထွက်သွားတဲ့ စစ်ကြောင်းပြန်လှည့် လာပြီး တရစပ်ပစ်ခတ်တာ၊ အဲဒီခွေးတွေက အခုညပိုင်းအထိ မရကန်ရွာနားမှာပဲရှိသေးတယ်” ဟု ပုဂံ ပြည် ဘီလူးတပ် – Bagan Orge Force PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ် အထူးကွန်မန်ဒိုတပ်ဖွဲ့၊ Yan Gyi Aung PDF (YGA) ၊ အဖြူ ရောင်ဒီပဲယင်း ပကဖ (ဒီပဲယင်း)၊ ညောင်ဦးခရိုင် တပ်ရင်း ၅ ၊ ညောင်ဦးခရိုင်တပ်ရင်း ၅ တပ်ခွဲ ၂ ၊ နယ်စည်းမခြား ဖက်ဒရယ်စစ်ကြောင်းနှင့် ဒီပဲယင်းပကဖတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။