28 C
Yangon

ပုလဲမြို့နယ်တွင် စစ်တပ် စစ်​ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ပုလဲမြို့နယ်တွင် စစ်တပ် စစ်​ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်တပ် စစ်​ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလဲမြို့နယ်၊ တနယ်ကျေးရွာမှ ထွက်လာသည့် အင်အား ၈၀ ဝန်းကျင်ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျောက်ဖြာကန်ကျေးရွာနှင့် အင်းကန်ကျေးရွာ အကြားအရောက်တွင် မိုင်းပွိုင့် ၂ ခုဖြင့် ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦးအထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် MRDA ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) နှင့် ခရိုင်တပ်ရင်း ၆ (M.R.D.A) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း အညာဒေသ တော်လှန်ရေးအရှိန်အဟုန်များ ဆက်လက်မြှင့်တင်နိုင်ရန်အတွက် ဗိုလ်နဂါးဦးဆောင်သည့် (M.R.D.A) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် ယုံကြည်စွာဖြင့် ထောက်ပံ့ကူညီပေးကြရန် ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article