28 C
Yangon

မူဆယ်နှင့် လားရှိုး မြို့နယ်တို့တွင် TNLAနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး​ကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

မူဆယ်နှင့် လားရှိုး မြို့နယ်တို့တွင် TNLAနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး​ကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ သြဂုတ် ၃

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နှင့် လားရှိုး မြို့နယ်တို့တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂ ရက်နေ့တွင် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုရှိ နာထန်နှင့် ဂေါင်ရာကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ခြေလျင်တပ်ရင်း ခလရ -၂၆၁၊ မြို့မပြည်သူ့စစ် ပူးပေါင်း အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မေတာ် TNLA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် နံနက် ၁၀ နာရီမှ စတင်ပြီး ညနေ ၄ နာရီ ၃၀ မိနစ် အထိဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ လားရှိုးမြို့နယ်တွင် လားရှိုးမြို့မှ တောင်တလောင်ကို အကြမ်းဖက် စစ်တပ်က အင်အား ၅၀ ခန့် ဖြည့်တင်းပြီး လားရှိုးမြို့ရှောင်လမ်းမှနေ၍ အကြမ်းဖက် စစ်တပ် လက်အောက်ခံ စကခ-၁၆ ခလရ-၆၈ မှ TNLA လှုပ်ရှားရာ နေရာများကို နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ ၃၀ မိနစ်အထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်ဆီးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စယ်လန့်ကျေးရွာပတ်ဝန်းကျင်ရှိ ဒေသ ပြည်သူများသည် မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လားရှိုးမြို့နယ်၊ မန်ကန်ကျေးရွာမှ ဒေသ ပြည်သူများသည် နီးစပ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article