30 C
Yangon

မူဆယ်-ကွတ်ခိုင် နယ်စပ်ရှိ တီးမားကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး မီးရှို့ သတ်ဖြတ်

Must read

မူဆယ်-ကွတ်ခိုင် နယ်စပ်ရှိ တီးမားကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး မီးရှို့ သတ်ဖြတ်

ရန်ကုန်၊ ဩဂုတ် ၃

ရှမ်းပြည်နယ်၊ မူဆယ်-ကွတ်ခိုင် မြို့နယ်အစပ်ရှိ တီးမားကျေးရွာမှ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း Kachin Human Rights Watch – KHRW အဖွဲ့ထံမှ သိရသည်။

တီးမားကျေးရွာမှ ဒေသပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၂၅ ရက်‌နေ့တွင် ဖမ်းဆီးပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် မီးရှို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ပြုလုပ်ခြင်း အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း Kachin Human Rights Watch – KHRW က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်က အဆိုပါ ပြည်သူ ၂ ဦးကို မီးရှို့ သတ်ဖြတ်မှုသည် နိုင်ငံတကာ ဥပဒေကို ထပ်မံချိုးဖောက်ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ တရားခုံရုံးမှ အကြမ်းဖက် စစ်တပ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်းလည်း Kachin Human Rights Watch – KHRW ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မူဆယ်-ကွတ်ခိုင် နယ်စပ်ရှိ တီးမားကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး မီးရှို့
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article