လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PDF တပ်ဖွဲ့က ရိက္ခာနှင့် ဆေးဝါး ငွေကျပ် ၁၄၈ သိန်းဖိုး လှူဒါန်း
ရန်ကုန်၊ သြဂုတ် ၆
လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အရေးပေါ် ရိက္ခာနှင့်ဆေးဝါး စုစုပေါင်း ငွေကျပ် ၁၄၈ သိန်းဖိုးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ပကဖ ၏ စစ်ဘေးရှောင်စီမံခန့်ခွဲရေးအဖွဲ့က ဇူလိုင်လ အတွင်း ကူညီ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

