29 C
Yangon

စီးပွားရေးပိတ်ဆို့ထားသည့် စစ်ကောင်စီလက်အောက်မှ MFTB ၊ MICB ဘဏ် တို့နှင့် ဆက်သွယ်ဆောင်ရွက်မှုများကို စောင့်ကြည့် အရေးယူမည်ဟု အမေရိ ကန် ကြေညာ

Must read

စီးပွားရေးပိတ်ဆို့ထားသည့် စစ်ကောင်စီလက်အောက်မှ MFTB ၊ MICB ဘဏ် တို့နှင့် ဆက်သွယ်ဆောင်ရွက်မှုများကို စောင့်ကြည့် အရေးယူမည်ဟု အမေရိ ကန် ကြေညာ

ရန်ကုန်၊ ဩဂုတ် ၆

အမေရိကန်က စီးပွားရေးပိတ်ဆို့မှု ချမှတ်ထားသည့် စစ်ကောင်စီလက်အောက် မှ မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ် (MFTB) နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဘဏ် (MICB) တို့နှင့် ဆက်သွယ်ဆောင်ရွက်မှုများကို စောင့်ကြည့် အရေးယူသွား မည်ဖြစ်ကြောင်း အမေရိကန်တရားဝင် ကြေညာသည်။

အမေရိကန် ဇွန်လ ၂၁ ရက်နေ့ စစ်ကောင်စီလက်အောက်ရှိ MFTB နှင့် MICB ဘဏ်တို့ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အရေးယူမှုသည် ဩဂုတ်လ ၅ ရက်နေ့တွင် စတင်အသက်ဝင်ပြီဖြစ်ကြောင်း ၊ ဇွန်လမှစတင်၍ အမည်ပျက် ကြေညာခဲ့သော်လည်း အဆိုပါဘဏ်နှစ်ခုနှင့် မပြီးပြတ်သေးသည့် ကိစ္စများရှိနိုင်သဖြင့် အရေးယူမှုကို ချက်ချင်းမလုပ်သေးဘဲ စောင့်ဆိုင်းခဲ့ ကြောင်း၊ ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ စစ်ကောင်စီ၏ MFTB ၊ MICB နှင့် ပတ်သက်ဆက်နွယ်မှုများကို အရေးယူမည်ဖြစ်ကြောင်း၊ အဆိုပါဘဏ်နှစ်ခုနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လုပ်ငန်းများအနေဖြင့် ငွေကြေးလွှဲ ပြောင်းမှု ဆိုင်ရာ ကိစ္စရပ်များကို အမြန်ဆုံး အဆုံးသတ်ရန် သတိပေးကြောင်း အမေရိ ကန်က တရားဝင် သတိပေးသည်။

” MFTB ၊ MICB ဘဏ်တွေနဲ့ ပတ်သက်မှု ရှိ၊မရှိ ဂရုတစိုက်စောင့်ကြည့် စစ်ဆေးသွားမှာဖြစ်ပြီး တွေ့ရှိပါက အမေရိကန်ဥပေဒေကို ဆန့်ကျင်တဲ့ လုပ်ရပ်အတွက် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်။ ငြိမ်းချမ်းရေး ၊တရားမျှတမှု၊ အားလုံးအတူတကွ တန်းတူညီမျှပါဝင်နိုင်တဲ့ ဒီမိုကရေစီ အနာဂတ်နိုင်ငံကို မျှော်ရည်ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက အမြဲအားပေးထောက်ခံသွားမှာပါ။ နောက်ထပ် လည်း နိုင်ငံတကာအသိုက်အဝန်းက မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းကာ နိုင်ငံတကာဘဏ္ဍာရေးစနစ်မှာ ဝင်ရောက် အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာစစ်အုပ်စုကို တားမြစ်သွားပါမယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Matthew Miller က တရားဝင် သတိပေး သည်။

မြန်မာစစ်တပ်က အဆိုပါဘဏ်နှစ်ခုမှ နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်နိုင် ရေး နိုင်ငံခြားဘဏ်အကောင့်မျိုးစုံ အသုံးပြုနေကြောင်း၊ ယင်းဘဏ်နှစ်ခုသည် စစ်အုပ်စု ဝင်ငွေရလမ်းအတွက် ကူညီပေးနေသည့်အပြင် မြန်မာစစ်အုပ်စု အတွက် စစ်လက်နက်ပစ္စည်းနှင့် လေယာဥ်ဆီများ အလွယ်တကူဝယ်ယူ နိုင် ရေး နိုင်ငံခြားငွေကြေးများ ကူညီပံ့ပိုးပေးနေသည့် ပင်မဒေါက်တိုင်ကြီးများ ဖြစ်ကြောင်း အမေရိကန်က ပြောဆိုထားသည်။

MFTB နှင့် MICB ဘဏ်တို့သည် မြန်မာ့ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်ရတနာနှင့် အခြားသော သယံဇာတ တူးဖော်ရေး လုပ်ငန်းများမှ ဝင်ငွေအများအပြား ကူညီရှာဖွေပေးနေသော ဘဏ်နှစ်ခုလည်းဖြစ်ကြောင်း အမေရိကန် ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article