ကနီမြို့နယ်၊ ပန်းတိန်ပြင်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၂ ဦးကျဆုံး
ရန်ကုန်၊ သြဂုတ် ၇
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပန်းတိန်ပြင်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အာဠာဝကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ်ရှိ အကျိုးကုန်းမှ ဆင်းလာပြီး ဇူသစ်ကွင်းအတွင်း ပြည်သူပိုင်သစ်များခိုးယူနေစဥ် ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ PDF ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
” ကနီမြို့နယ်၊ ပန်းတိန်ပြင်ရွာ အနီးမှာ ဖြစ်တဲ့ တိုက်ပွဲပါ အကျိုးကုန်းက ဆင်းလာတဲ့ စစ်ခွေးတွေ သစ်ကွင်းအတွင်းပြည်သူပိုင် သစ်တွေကို ခိုးယူနေတုန်း တိုက်ပွဲဖြစ်ပွားခဲ့တာပါ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုအခြေအနေတော့ မသိရသေးဘူး” ဟု အာဠာဝကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို အာဠာဝက အဖွဲ့အပါအဝင်မဟာမိတ် ညီနောင်များ ၂ နာရီခန့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။