26 C
Yangon

ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး နေကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာသန်းရွာကို မီးတင်ရှို့နေ

Must read

ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး နေကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာသန်းရွာကို မီးတင်ရှို့နေ

ရန်ကုန်၊ သြဂုတ် ၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသော​ကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာကို ရွှေဘိုမြို့နယ်၊ ဖုတ်ကုန်းရွာမှ ပျူစောထီးများနှင့် လေ့ကျင့်ရေး ၈ မှ အကြမ်းဖက် စစ်သားများ ပါဝင်သော အင်အား ၁၀၀ ကျော်ပါ ပူးပေါင်း စစ်ကြောင်းသည် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ ရွာသန်းကျေးရွာကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရွာသန်းကျေးရွာ အပါအဝင် ရေအေးကုန်း၊ ကျီးကန်၊ ပန်းတွင်း၊ လက်ပံလှ စသည့်ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေ​ရကြောင်း သိရှိရသည်။

အလားတူ ယနေ့ သြဂုတ်လ နံနက်ပိုင်းတွင် ရေဦးမြို့နှင့် ၂ မိုင်ခန့်အကွာ ခင်ဦးမြို့နယ် အင်းပတ်ကွေ့ ဈေးတန်း၌ အထိုင်ချထားသော စစ်သားများနှင့် ရွာသစ်ကုန်းပျူစောထီးများ ပါဝင်သော အင်အား ၃၀ ကျော်ပါ ပူးပေါင်း စစ်ကြောင်းသည် အင်းပတ်ကျေးရွာ အတွင်း ဝင်ရောက်ရန် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေသောကြောင့် အင်းပတ်ကျေးရွာ အပါအဝင် မြကန်၊ ချမ်းသာကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article