ကနီမြို့နယ်တွင် စစ်တပ်၏ ရိက္ခာတင်သင်္ဘောများကို စနိုက်ပါဖြင့် တိုက်ခိုက်မှု ၁ ဦး သေဆုံး၊ ရေစကြိုမြို့နယ်ရှိ သော်ကဲဘကျေးရွာ အနီးတွင် ၂ ကြိမ်ဖြစ်
ရန်ကုန်၊ ဩဂုတ် ၉
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာ၌ အကြမ်းဖက်စစ်တပ် ရိက္ခာတင်သင်္ဘော များဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သားတစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်သင်္ဘောများပါ ရိက္ခာတင်ထောက်ပို့ သင်္ဘော ၁၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သားများ ကို ချင်းတွင်းမြစ်ကြောင်း တနေရာ၌ စနိုက်ပါဖြင့် လိုက်လံချောင်းမြောင်းပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ် သား ၁ ဦးသေဆုံးပြီး ယင်းစစ်သားသေဆုံးရုပ်အလောင်းကို ကနီမြို့ဆေးရုံတောင်ဘက်ရှိ သင်္ချိုင်းကုန်း၌ မီးသင်္ဂြိုလ်သွားကြောင်း သိရသည်။
“အင်အားကတော့ ၂၀၀ လောက်ပါမယ်ဗျ၊ ကလေးဝကနေ ချင်းပြည်နယ်ကိုပို့မယ်လို့ သတင်းရထားတဲ့ သံချပ်ကာကားတစ်စီးလဲ သင်္ဘောပေါ်မှာပါလာတယ်၊ ကမ်းတက်စစ်သင်္ဘောပေါ်မှာ တင်ထားတာ။ ပြီး ရင် ခန္တီးအထိတက်မယ်၊ ခန္တီးကနေ ကျောက်စိမ်းတွေတင်ပြီး ပြန်ဆုတ်လာမှာ၊ ခွေးတွေဘက်က ပြန် ပစ်တာတော့ လက်နက်ကြီးအချက်ရေကို မရေတွက်နိုင်ဘူးဗျ၊ ပစ်ချက်ကတော့ လက်လန်တယ်” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါအကြမ်းဖက်စစ်သင်္ဘောများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ KLG PDF (ကျောက်လုံးကြီး)အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလွန်အကျွံအသုံးပြုကာ ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေဖြူရွာမှ ထွက်လာသော အကြမ်းဖက်စစ်သားများကို ၂ ကြိမ် လက်ဦး မှုရယူတိုက်ခိုက်နိုင်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ မှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၉ ရက် နံနက် ၉ နာရီခန့်က အင်အား ၆၀ ခန့်ဖြင့် ရေစကြိုမြို့နယ်၊ ရေဖြူကျေးရွာမှ အနောက်ဘက် သော်ကဲဘကျေးရွာဘက်သို့ ဦးတည်ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှ ရေ ဖြူကျေးရွာအတွင်း ပြန်ဆုတ်သွားကြောင်း၊ အလားတူ နေ့လည် ၂ နာရီခန့်တွင် ထပ်မံထွက်ခွာလာရာ သော်ကဲဘကျေးရွာအရှေ့ဘက်အရောက် ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ရေဖြူကျေးရွာအတွင်း ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
“ရေဖြူကျေးရွာကနေ အနောက်ကို ထွက်လာတဲ့အချိန်မှာ သော်ကဲဘကျေးရွာ မရောက်ခင် ကျနော်တို့နဲ့ ထိတွေ့မှု ၁၀ မိနစ်လောက်ကြာအောင်ဖြစ်ခဲ့တယ်၊ ကျနော်တို့ရဲဘော်တွေက လက်ဦးမှုရယူတိုက်ခိုက်ခဲ့ အတွက် ဒီကောင်တွေက အနောက်ကို ပြန်ဆုတ်သွားတာဗျ၊ ပြန်ဆုတ်သွားပြီးတော့ ရေဖြူတောတိုက် ထဲမှာ ခဏပုန်းနေတယ်၊ နေ့လည် ၂ နာရီလောက်မှာလည်း ထပ်ပြီးတော့ တက်လာတယ်၊ တက်လာတဲ့ အချိန်မှာ မနက်ကဖြစ်တဲ့အချိန်ကြောင့်မို့ ကျနော်တို့ ရဲဘော်တွေက နောက်ကို နည်းနည်းဆုတ်ထား တယ်၊ နေ့လည်တက်လာတဲ့အချိန် ညောင်ပင်စုကျေးရွာရဲ့ အရှေ့ဘက်ရောက်တဲ့အချိန် ကျနော်တို့ ရဲ ဘော်တွေနဲ့ ဒုတိယအကြိမ်ထပ်မံထိတွေ့မှုဖြစ်ခဲ့တာ၊ စစ်ခွေးတွေ အသေအပျောက်ကတော့ စစ်ကြောင်း ဖြစ်တဲ့အတွက် နည်းနည်းစုံစမ်းရခက်နေတယ်ဗျ” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ မှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို အဆိုပါခိုက်မှုများကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်း ၉ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ဦးမှုရယူတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများမှာလည်း ရေဖြူကျေး ရွာအတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။