ရေစကြိုမြို့ပေါ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၇ ဦးခန့် ဒဏ်ရာရ၊ အင်းတော်နှင့်ကသာ နယ်စပ်တွင်လည်း စစ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၄
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဥယျာဉ်စုရပ်ကွက်အနီး၌ ပြည်သူတစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ကာ ထွက်လာသော စစ်ကြောင်းကို မြို့ပြင်အထွက်အရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို -ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ညနေ ၆ နာရီခန့်က ရေစကြိုမြို့မရဲစခန်းမှ သေနတ်များ ရမ်းသမ်းပစ်ဖောက်ထွက်လာသည့် အကြမ်းဖက်စစ်သား ၃၀ ခန့်သည် ဥယျာဉ်စုရပ်အနီးအရောက် အပြစ်မဲ့ပြည်သူအမျိုးသားတစ်ဦးကို သေ နတ်ဖြင့် ပစ်ခတ်သတ်ပြီးနောက် ဆက်လက်ထွက်ခွာလာစဉ် ရေစကြိုမြို့ပြင် ခွါနီးတောင်ဘက် အုတ်ဖို အရောက် ပဒေသာမိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၇ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – ရေစကြို ပကဖ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
“မြို့ပေါ်ကနေ ခြေလျင်ထွက်လာတာ၊ မြို့အထွက်မှာ ခွါနီးဆိုတဲ့ ခြံရှိတယ်အဲနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ တာ၊ ၁၅ ယောက်လောက်ပဲ ပေကုန်းကျေးရွာဘက်ကို ဆက်ထွက်နိုင်တယ်၊ ဒဏ်ရာရတဲ့သူတွေနဲ့ကျန် တဲ့သူ ၁၅ ယောက်လောက်ကတော့ ရှေ့ကို ဆက်ပါမလာဘူးလို့ သိရတယ်၊ စစ်ကြောင်းထွက်လာတဲ့ အ ချိန်မှာ အပြစ်မဲ့ ပြည်သူ တစ်ယောက်ကိုလည်း ပစ်သတ်သွားတယ်၊ အမျိုးသားပဲ အသက်ကြီးပိုင်းထဲက ခေါင်းကို ပစ် သတ်သွားတာ၊ နာမည်တွေဘာတွေမသိရသေးဘူး၊” ဟု ရေစကြို -ပကဖမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နှင့် အင်းတော်မြို့နယ်ကြားတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း Indaw revolution – IR ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၁ နာရီခန့်က အင်းတော်မြို့မှ ကသာမြို့နယ်သို့ လက်နက်ပစ္စည်းများ နှင့် တပ်သားများလစာပေးအပ်ရန် သွားရောက်ပြီး ပြန်လာသည့် အင်အား ၁၄၀ ခန့်ရှိ တပ်မ ၇၇ လက် အောက်ခံတပ်သားများနှင့် တပ်မ ၈၈ လက်အောက်ခံတပ်သားများကို KIA ၊ PDF ၊ ABSDF ပူးပေါင်း တပ်ဖွဲ့မှ ကသာမြို့နယ်နှင့်အင်းတော်မြို့နယ်ကြား၌ မိုင်းဆွဲ ၃ လုံးဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးကားတစ်စီး ပျက်စီးခဲ့ပြီး အင်းတော်ရဲစခန်းအတွင်းသို့ ဆွဲယူသွားကြောင်း၊ လက်နက်အပြည့်တင်လာသော ကားတစ်စီးမှာ စစ်တပ်ကုန်းသို့ ဝင်ရောက်သွားကြောင်း၊ အကြမ်းဖက်စစ်သား အများအပြားသေဆုံးနိုင်ပြီး အင်းတော် မြို့ကားလမ်းဘေး၌ မြန်မာနိုင်ငံအလံအုပ်ထားသည့် စစ်သားအလောင်း ၂ လုံးကို တွေ့ရှိခဲ့ကြောင်း Indaw revolution – IR မှ ထုတ်ပြန်ထားသည်။
