24 C
Yangon

ချင်းပြည်နယ် ပြည်သူရဲတပ်ဖွဲ့ကို ဖွဲ့စည်းမည့် ဥပဒေကို တရားဝင်ကြေညာ

Must read

ချင်းပြည်နယ် ပြည်သူရဲတပ်ဖွဲ့ကို ဖွဲ့စည်းမည့် ဥပဒေကို တရားဝင်ကြေညာ

ရန်ကုန်၊ ဩဂုတ် ၂၀

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ရွေးကောက်ပွဲစနစ်ဖြင့် တင်မြှောက်သည့် ရဲချုပ်နှင့် ဒုရဲချုပ်က ဦးဆောင်မည့် ပြည်နယ်ရဲတပ်ဖွဲ့ ဥပဒေကို Chin State People’s Police Force က ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

ချင်းပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ အ ကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေနိုင်ရန်နှင့် ထိထိ ရောက်ရောက် ပိုမိုဆောင် ရွက် နိုင်စေရန် အားလုံး သဘောတူ အတည်ပြု ထားသည့် “ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေနှင့် ဖွဲ့စည်းပုံ” ကို ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေ ၌ ရဲချုပ်နှင့်ဒုတိယရဲချုပ်ကို ရွေးကောက်ပွဲဖြင့် ရွေးချယ်တင်မြှောက်မည် ဖြစ် ကြောင်း ထည့်သွင်းပြဌာန်း ထား ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အာဏာရှင်၏ မတရားအာဏာသိမ်းမှုကြောင့် တရားဥပဒေ ကင်းမဲ့ လာသဖြင့် ချင်း ပြည် နယ်တစ်ခုလုံးတွင် တရားဥပဒေစိုးမိုးရေးအတွက် အကောင်အ ထည်ဖော်နိုင်ရန်နှင် ပြစ်မှုကျူး လွန်သူများအား စုံစမ်းဖမ်းဆီး တရားစွဲတင်နိုင်ရန် CDM ရဲများနှင့် တော်လှန်ရေးကာလတွင် ပြည်သူ့ရဲ တပ်ဖွဲ့ ဝင်သစ်များအဖြစ် တာဝန်ထမ်းဆောင်သည့် မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အစည်းအဝေးကျင်းပကာ ချင်းပြည် နယ်၏ ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၏ ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီသည် ရွေးကောက်ပွဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်သည့် ရဲ CDM အရာရှိများက ဦး ဆောင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ပြည်နယ်အ ဆင့် ပြည်သူ့ရဲတပ်ဖွဲ့ အဖြစ် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နေ့ တွင် အသိအမှတ်ပြုခြင်းခံရကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲ ရေး နှင့်လူဝင်မှုကြီးရေးဝန်ကြီး ဌာနလက်အောက်ရှိ ပြည်သူ့ရဲ တပ် ဖွဲ့နှင့် တရားဝင် မဟာမိတ်ဖွဲ့စည်းထားသော ပြည်သူ့ရဲ တပ်ဖွဲ့လည်း ဖြစ် ကြောင်း ကြေညာထားသည်။

ချင်းပြည်နယ်၏ ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ၏ ဥက္ကဌ နှင့် ဒုဥက္ကဌကို CDM ရဲတပ်ဖွဲ့ဝင်များနှင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူရဲတပ်ဖွဲ့ဝင်သစ်များက ရွေးကောက်ပွဲ စနစ်ဖြင့် အားလုံးသဘောတူ တရားဝင် ရွေးကောက်တင်မြှောက်ထားကြောင်း၊ ချင်းပြည်နယ် ပြည်သူ့ ရဲတပ်ဖွဲ့၏ ရဲချုပ်နှင့်ဒုတိယရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article