32 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်နီ-ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဒရုန်းနဲ့ ဗုံးကျဲမှုကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကနေ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

– ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်တဲ့ ၅ နှစ်တာကာလအတွင်း မီးမပျက်တဲ့ အပြင် မီတာခ လျှော့ ပေးခဲ့မှု နဲ့ပါ နှိုင်းယှဉ်ရင် မင်းအောင်လှိုင် အသုံးမကျဘူးလို့ လူမှုကွန်ရက်မှာဝေဖန်ခဲ့တဲ့ အဆိုတော် ဗျူဟာကို အကြမ်းဖက် စစ်တပ် က ထောင်ဒဏ် နှစ် ၂၀ ချမှတ်မှုဟာ တရားဥပဒေကို လိုသလို သုံးပြီး အငြိုးတကြီး ပြစ်ဒဏ်ပေးတာ ဖြစ်တယ်လို့ ရှေ့နေတချို့က ဝေဖန် ပြောဆိုထားပါတယ်။

– စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်ခဲ့တဲ့ လက်နက်ကိုင် ဓားပြ အုပ်စုကို NUG အစိုးရ တရားရုံးမှာ တရားစွဲဆိုမှာဖြစ်တယ်လို့ မုံရွာမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တရားဝင်သတင်း ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article