29 C
Yangon

ကျိုက်ထိုတွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် BGF ဗိုလ်ဝင်းစိုးနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ

Must read

ကျိုက်ထိုတွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် BGF ဗိုလ်ဝင်းစိုးနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တွင် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြား စောင့် BGF တပ်မှ ဗိုလ်ဝင်းစိုးနှင့် ဇနီးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေ ဆုံးသွား ပြီး သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်အချိန် အကြမ်းဖက် စစ် ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် BGF တပ်မှ ဗိုလ် ဝင်းစိုးနှင့်ဇနီးတို့ စီးလာ သော အဖြူရောင် Mark 2 ယာဉ်ကို ကော့ထင်းကျေး ရွာနှင့် ဘိုရားကြီး ကျေးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက် ခိုက် ခဲ့ကြောင်း၊ ကားမှာ လမ်းဘေးထိုးကျပြီး ယာဉ်ပေါ် ၂ ဦးစလုံး နေရာ မှာ ပင် ပွဲချင်းပြီးသေဆုံးသွား ကြောင်း၊ ၎င်းတို့ထံမှ သေနတ် ၂ လက်၊ ဖုန်း၊ BGF တပ်ဖွဲ့ဝင်စိစစ်ရေးကတ်၊ မှတ်ပုံတင်နှင့် ယာဉ်မောင်း လိုင်စင်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF နှင့် ဝေါပကဖ တို့ ပူးပေါင်းကာ တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ BGF တပ်မှ ဗိုလ်ဝင်းစိုးသည် ကျိုက်ထိုမြို့နယ်တွင် ကိုယ်တိုင် လောင်း ကစားဝိုင်းများပြုလုပ် ကာ ၎င်းပြုလုပ်သော လောင်းကစားဝိုင်းများကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများကို သတင်း ပြန်ပေးကာ ဖမ်းဆီးခိုင်း ခြင်း၊ ကျိုက်ထိုမြို့၊တောင်ပိုင်းရပ်ကွက်ရှိ အသုဘနေအိမ်တွင် လူငယ်တစ် ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ တရားမဝင် ကားမှောင်ခိုလုပ်ငန်း လုပ် ကိုင်ခြင်း၊ အကြမ်းဖက် စစ်တပ် လက်အောက်ခံ မြို့နယ် လယ်ယာ မြေစီ မံခန့်ခွဲ ရေးကော်မတီနှင့်ပူးပေါင်းကာ သောင်နုမြေ ဧက ၃၀၀ ကို မတရား သိမ်း ယူခြင်း၊ ရွာသူ၊ ရွာသားများထံမှ လယ်ယာမြေများအား ခြိမ်းခြောက်ကာ ဈေးနှိမ် ဝယ်ယူ ခြင်း၊ ကျေးရွာများတွင် လျှပ်စစ်မီးဖြတ် တောက်ခြင်း၊ အကြမ်း ဖက် စစ်တပ်အတွက် မီတာခများကောက်ခံ ပေးခြင်း၊ ပြည်သူလူထုအပေါ် လက် နက်အားကိုးဖြင့် ဖမ်းဆီးရိုက်နှက်နှိပ်စက်ခြင်း၊ နိုင်ငံရေးတက်ကြွ လှုပ်ရှား သူများကို ထောက်လှမ်းကာ သတင်းပေးဖမ်းဆီးခိုင်းခြင်းများ လုပ် ဆောင်ခဲ့ သူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article