ရန်ကုန်၊ မတ် ၁၇
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာအနီးတွင် အသက်မပြည့်သေးသူ မိန်းကလေးငယ် တစ်ဦး အပါအဝင် ဆန္ဒပြလူငယ် ၄ ဦး ယမန်နေ့ နံနက်ပိုင်း အဖမ်းခံရကြောင်း သပိတ်အင်အားစုတချို့ထံမှ သိရှိရသည်။
“ဆန္ဒပြဖို့ လုပ်နေတုန်း အဖမ်းခံရတယ်။ Yuzana ပလာဇာမှာ Fit ကားထဲက ကောင်လေး ၃ ယောက်၊ ကောင်မလေး ၁ ယောက်ထွက်လာပြီး Spring Revolution စာတန်းဖြန့်ခင်းနေရုံရှိသေးပါသေးတယ်။ စစ်ကားတစ်စီးနဲ့ အရပ်ဝတ်တွေက ဝင်ဖမ်းတယ်။ ၄ ဦး အဖမ်းခံလိုက်ရတယ်” ဟု သပိတ်လူငယ်တစ်ဦးက ပြောသည်။
အလားတူ မတ်လ ၁၅ ရက်နေ့ ၊ ည ၈ နာရီခွဲအချိန် ရန်ကုန်တိုင်း ၊ ပုဇွန်တောင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ တိုက်ခန်းတစ်ခုမှ အမျိုးသမီးတစ်ဦးကို စစ်တပ်က အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးခံရသော အမျိုးသမီးမှာ မည်သည့် လှုပ်ရှားမှုနှင့်မပတ်သက်ဘဲ စစ်သားများက မသင်္ကာ၍ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ယခုအချိန်အထိ ပြန်လည် လွတ်မြောက်မှု မရှိသေးကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နှစ် ယုဇနပလာဇာအနီးကင်းလှည့်နေသော အကြမ်းဖက် စစ်ကားများ။