32 C
Yangon

ယင်းမာပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်း လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ယင်းမာပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်း လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပန်းတိမ်ပြင်ကျေးရွာသစ်ကွင်း၊ စည်သူသစ် ကွင်း ရှိ အကြမ်းဖက် စစ်သားများကို ဒရုန်း လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း Chindwin Brother တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ယင်းမာပင်မြို့နယ်၊ စည်သူ ကျေးရွာသ စ်ကွင်း၊ ပန်းတိန်ပြင် ကျေးရွာသစ်ကွင်း၌ တပ်စွဲစခန်းချပြီး ပြည်သူ ပိုင် သစ်များကို ခိုးယူနေကာ တပ်စွဲပြီး ကျောက်မှော်ကျေး ရွာအနီးတောထဲ တစ် နေရာတွင် ကင်းပုန်းဝပ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုသိရှိရန် စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေးအင်အားကတော့ တပ်တစ်ခုလုံးရောက်နေသလိုပဲ၊ ပြန်ပစ်တာတွေ လည်းရှိတယ်၊ ပစ်တာမှ တောက်လျှောက်ကိုပစ်တာ၊ နေရာအတိအကျ မသိ‌တော့ ရမ်းသမ်းပစ်တာပေါ့၊ သစ်ကွင်းထဲကနေ ပစ် လျှောက်ပစ်နေတာ ဆိုရင် နေ့ရော ညရောပဲ၊ မည်းမည်းမြင်ရာပစ်နေတာ၊ ကျနော်တို့ ရဲဘော်တွေ အထိ အခိုက်မရှိခဲ့ပါဘူး၊ သစ်တွေတစ်ချို့လည်း ခိုးထုတ် သယ်သွားကြပြီ” ဟု Chindwin Brother တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Dragon Brothers Task Force(DBTF)၊ B21(ကနီ) နှင့် Chindwin Brothers (DGF-တပ်ခွဲ) တို့ ပူပေါင်းကာ Chindwin Brothers (DGF-တပ်ခွဲ) ကိုတည်ထောင်သူ ဗိုလ်သူရခေါ် (ခ) ကိုလှမင်းနိုင် (ချောင်းမ ကျေးရွာ အနီး တိုက်ပွဲတွင် မြင့်မြတ်စွာအသက်ပေးလှူသွားသူ) ကျဆုံးခြင်း တစ်နှစ်ပြည့်နှစ်ပတ်လည် သွေးကြွေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကနီကျောက်လုံးကြီးတပ်က အသုံးပြုနေသည့် ဒရုန်းလေယာဉ်ငယ် များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article