အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ ၂ ရက်အကြာ တိုက်ပွဲတွင် စစ်သား ၈ ဦးသေဆုံးပြီး ABSDF ရဲဘော်တစ် ဦးကျဆုံး
ရန်ကုန်၊ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကျောင်းသား တပ်မတော် (ABSDF) တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကာ ABSDF ရဲ ဘော်တစ်ဦးကျဆုံးခဲ့ကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်ပြီး ၂၈ ရက်နေ့အထိ အင်းတော်မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ မော်တိတ်ကျေးရွာတွင် တပ်စွဲထားသော အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် ကျောင်းသားတပ်မ တော် (ABSDF) တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် စစ်သား ၂ ဦးသေဆုံးပြီး အင်း တော်မြို့ထဲသို့ အလောင်းကို သယ်ယူခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ၆ ဦးသေဆုံးသည်ကို မျက်မြင် တွေ့ ရှိခဲ့ရကြောင်း၊ ABSDF မှ ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“၂ ရက်ဆက်တိုက်ဖြစ်တာ၊ ဒီနေ့လည်း ဖြစ်မလား မဖြစ်လားတော့ မသိရသေးဘူး၊ စောင့်ကြည့်ရမှာ ပေါ့၊ ၂၇ ရက်နေ့မှာက ခွေး ၂ ကောင်သေတယ်၊ အဲဒါက အင်းတော်မြို့ထဲကို သယ်လာတယ်၊ ၆ ကောင် ကတော့ တိုက်ပွဲထဲမှာရှိတဲ့ မျက်မြင်ရဲဘော်က ပြောပြတာပေါ့၊ ABSDF ကရဲဘော်တစ်ယောက်ကျတယ်၊ တစ်ယောက်ဒဏ်ရာရတယ်၊ ခွေးတွေက သေတဲ့သူ ဒဏ်ရာရတဲ့သူ ကားနှစ်စီးတိုက်ရတယ်လို့ ABSDF က ရဲဘော်တစ်ဦးက လှမ်းပြောထားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာ မော်တိတ်ကျေးရွာအတွင်းသို့ အင်းတော်မြို့အတွင်းရှိ တပ်စွဲထားသော လက်နက်ကြီးကုန်းမှ ၁၀၅ မမ အမြောက်လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်လျက်ရှိကြောင်း၊ မော်တိတ်ဒေသ၌ အကြမ်းဖက်စစ်သားများ တပ်စွဲထားသည်မှာ လွန်ခဲ့သည့် ၆ နီးပါးကတည်းက တပ်စွဲ ထားပြီး မော်တိတ်ဒေသရှိ မော်တိတ်၊ ရွာသာယာ၊ အောင်းကုန်း၊ နန့်သာ၊ ပေပင်၊ နန့်စင်-ကျွန်းတော စသည့် ကျေးရွာများမှ ပြည်သူ ခြောက်ထောင်ကျော်ခန့်မှာလည်း စစ်ဘေးရှောင်နေရသည်မှာ ကြာမြင့် နေပြီဖြစ်ကြောင်း သိရသည်။