28 C
Yangon

ထန်းတပင်ရှိ စစ်တပ် ဂိတ်စခန်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး၊ ဘုတလင်ရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ထန်းတပင်ရှိ စစ်တပ် ဂိတ်စခန်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး၊ ဘုတလင်ရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းနှင့် ကင်းပုန်းတို့ကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၄ နာရီ ၁၀မိနစ်အချိန်မှ နံနက် ၅ နာရီ ၃၀ မိနစ်အထိ ထန်းတပင်မြို့နယ်၊ မြို့ဆိုးကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းမြစ်ကူးတံတား ကင်းဂိတ်စခန်းနှင့် ကင်းပုန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦး သေဆုံးပြီး အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း ၂ နှင့် ပူးပေါင်း မဟာမိတ်အဖွဲ့က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဘုတလင်မြို့အတွင်း၌ ဂိတ်ဖွင့်ကာ ဆက်ကြေးကောက်၊ ယာဉ်များကို ဖမ်းဆီးငွေညှစ်နေသော အကြမ်းဖက်စစ်သားများကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က တစ်ကြိမ်၊ ညနေ ၄ နာရီခွဲခန့်ကတစ်ကြိမ် ဘုတလင်မြို့၊ မီး သတ်ရုံးနှင့် ကြောင်ပန်းလမ်းခွဲ ထနောင်းပင်ရိပ်အောက်၌ ဂိတ်ဖွင့်ကာ ဆက်ကြေးငွေ ကောက်ခံခြင်း၊ ဆိုင်ကယ်များဖမ်းခြင်း၊ ကားများဖမ်းဆီးခြင်းတို့ နေ့စဉ်လုပ်ဆောင်သော အကြမ်းဖက်စစ်သားများကို Shar htoo wawနည်ပညာ မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Brothers (DGF-တပ်ခွဲ) နှင့် B21(ကနီ)အဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၁၆ ၊ နင်ဂျာ တပ်ဖွဲ့၊ ဗိုလ်ပွကြီး၊ အုပ်ကြီးနှင်းသူ၏ တပ်ဖွဲ့များနှင့် ပျံလွှား (တစ်ကိုယ်တော်) တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article