ငါန်းဇွန်တွင် စစ်တပ်အထိုင်ချတပ်စွဲထားသော စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံးပြီး စစ်အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၂
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ်အထိုင်ချတပ်စွဲထားသော စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံးပြီး စစ်အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောဆိုသည်။
စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအကြားတွင် ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာတွင် အထိုင်ချ တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က လက်နက်ကြီး ၄ ချက်၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိကြောင်း သိရှိရသည်။
“ဒရုန်းနဲ့ဗုံးကျဲတော့ အရာရှိ တစ်ကောင်ပြင်းထန်ဒဏ်ရာရပြီး ၂ ကောင်သေပါတယ်။ ညသန်းခေါင် လူခြေတိတ်ချိန် ငါန်းဇွန်မှ ကားခေါ်ပြီး အလောင်းများနဲ့ ဒဏ်ရာရခွေးများကို သယ်ဆောင်သွားပါတယ်” ဟု “ဟု ငါန်းဇွန်ပကဖ တာဝန်ရှိသူက ရှင်းပြသည်။
စစ်ဆင်ရေးတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Black Eagle Defense Force ၊ Black Eagle Drone Force၊ ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့ ၊925 ပျောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကို ပျောက်ကျားအဖွဲ့ Black Eagle Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- Eagle Brigade (Anyar Eagles)၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။