By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၁၈ ရက် နေ့လည်ပိုင်းရရှိထားတဲ့ သတင်းတွေကတော့
-ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ သတင်းပေး ဝေဖြိုးဆိုသူ နဲ့ ဇနီးဖြစ်သူ ၂ ဦး အသတ်ခံရလို့ လက်စားချေမယ်လို့ အုပ်ချုပ်ရေးမှူးက ကြုံးဝါးနေပါတယ်။
-မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေတော်ရဲစခန်းက ရဲတပ်သား အာကာစိန်ဟာ လက်နက် နဲ့ အတူ မတ်လ ၈ ရက်နေ့က CDM ပြုလုပ်လာပါတယ်။
-မကွေးတိုင်းက သတင်းအနေနဲ့…မကွေးတိုင်း၊ ပခုက္ကူ-ကျောက်ထုလမ်းပိုင်းမှာ ဖြတ်သန်းသွားတဲ့ စစ်ကောင်စီယာဉ်တန်း ၉၆ စီးကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။