ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာ အနီး ကင်းပုန်းဝပ်နေသာ စစ်သားများ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၇ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာမြောက်ဘက်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၉ ရက် ညနေ ၄ နာရီ ၅၇ မိနစ်ခန့်က အင်အား ၂၀ ခန့်ဖြင့် ပေါက်ကန်ရွာ ဘူတာမြောက်ဘက်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာ ဗုံးသီးကျလာသံကြားသဖြင့် ပြေးကပ်ပုန်းခိုရာ ဗုံးသီးကျ သည့် နေရာနှင့် ကွက်တိကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ လည်းရှိကြောင်း သိရသည်။
“ခွေးတွေက ဗုံးသီးကျလာတဲ့ လေသံကြားပြီး တောင်ဘက်ကို ပြေးကပ်တာ၊ သူတို့ပြေးကပ်တဲ့ နေရာကို ကွက်တိကျပြီးတော့ ၇ ကောင်သေတယ်၊ ဒဏ်ရာရတာတွေလည်းများတယ်၊ ချပြီးတော့ ဒရုန်းကိုလည်း ချက်ချင်းပြန်ခေါ်လိုက်ရတယ်၊ သူတို့ရထားတွဲပေါ်မှာက ဂျန်ပါအကြီးကြီးပါတော့ မနည်းကြိုးစားချခဲ့ရ တာ၊ ဂျန်ပါရုံးရတော့ ဘက်ထရီဆက်ကြိုးတွေကို ပူသွားတာပါပဲ၊ ပေါက်ကန်ဘူတာမှာ ဂျန်ဘာဖွင့်ထား ပြီးတော့ ရထားသံလမ်းပြင်နေတာ” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force အဖွဲ့မှ ဗိုလ် ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ ကျောက် ဆည်ခရိုင် နဂါးနီဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့နှင့် Lightning Drone Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲချပြီးနောက် အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ကင်းထောက်ဒရုန်း ကိုယ်ပိုင်မရှိတော့ သူများကို ခယပြီးထောက်ခိုင်းရတယ်၊ အခုဗွီဒီယိုထဲမှာဆို အ သက် ရှင်တဲ့သူ နည်းလောက်တယ်၊ အခု ကင်းထောက်ဒရုန်း မှတ်တမ်းရတော့ ကျနော်တို့ ပြည်သူတွေ ကို လိမ်ရာမရောက်တော့ဘူး၊ ခွေးတွေပေါ်ကို တည့်တည့်ကျတာကို ပြည်သူတွေ မြင်စေချင်တာပါ၊ အရင်ပွဲတွေတုန်းကလည်း မြေပြင်သတင်းအတိုင်း ကျနော်တို့ တင်တာပါ၊ ကျနော်တို့အဖွဲ့အတွက် ကင်းထောက်ဒရုန်းတစ်စီး လိုအပ်နေပါတယ်” ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force အဖွဲ့မှ ဗိုလ် ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။