30 C
Yangon

အနာဂတ်မှာ အပြိုင်ကျဲကြမယ့် စစ်အာဏာရှင်တွေရဲ့ နည်းဗျူဟာနဲ့ နွေဦး တော်လှန်ရေးရဲ့ နည်းဗျူဟာ

Must read

အနာဂတ်မှာ အပြိုင်ကျဲကြမယ့် စစ်အာဏာရှင်တွေရဲ့ နည်းဗျူဟာနဲ့ နွေဦး တော်လှန်ရေးရဲ့ နည်းဗျူဟာ

By Igor Blazevic

လာမည့် ၆-၈ လအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စစ်အာဏာရှင်တွေရဲ့ နည်းဗျူ ဟာကို မှန်းဆကြည့်လျှင် နေရာအနှံ့ဖြန့်ကျက်လာနေတဲ့ နိုင်လိုစိတ်ပြင်း ထန် နေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို စစ်အာဏာရှင်တို့အနေနဲ့ မနှိမ်နင်း နိုင်တော့မှန်းသိနေပါပြီ။

အာဏာရှင်များအနေနဲ့ ဘတ်ဂျက်လည်းတော်တော်ထောင်းနေပါပြီ။ သူတို့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ တရားမဝင် ကုန်သွယ်ရေးတို့မှတဆင့် ရရှိတဲ့ ဝင်ငွေရှိ နေသေးတယ်။ သို့ပေမယ့် တနိုင်ငံလုံးတော်လှန်ပုန်ကန်မှုကို ဆန့်ကျင်ပြီး မအောင် မြင်တဲ့ အာဏာရှင်စနစ်ကို မောင်းနှင်ရသည်မှာ ကုန်ကျစရိတ် အလွန် များလှတယ်။ စီးပွားရေးမှာ ပြိုကွဲနေပြီး သူတို့အနေနဲ့ နိုင်ငံခြားငွေ အသည်း အသန် ငွေလိုအပ်နေတယ်။

လာအိုနိုင်ငံက အာဆီယံ ဥက္ကဌရာထူးကိုယူနေပြီ၊ ယင်းက စစ်ကောင်စီကို ထောက် ပံနေတဲ့ အိမ်နီးချင်း မြင်းသုံးကောင် (အိန္ဒိယ၊ ထိုင်းနှင့် တရုတ်) တို့ အတွက် စစ်ကောင်စီက နိုင်ငံကို ထိန်းချုပ်ထားတဲ့ အာဏာပိုင်အဖြစ် အခြား အာဆီယံနိုင်ငံတွေက လက်ခံလာအောင် အတင်းတွန်းတင်ကြရေး အခွင့်အရေး ဖြစ်လာတယ်။ သို့မှသာ စီးပွားရေးဆက်လုပ်၍ ရမှာဖြစ်တယ်။

စစ်ကောင်စီအနေနဲ့ ဒေသတွင်း အသိမှတ်ပြုမှု တစိတ်တပိုင်းလောက် လိုအပ် နေတဲ့အ တွက် အဲဒါကို ဦးစားပေးလုပ်လိမ့်ပါမယ်။ ဒုတိယ ဦးစားပေးမှာ တော်လှန်ရေးအုပ်စုများ အကြား ကွဲနိုင်သလောက်ကွဲအောင် ဝေးနိုင်သ လောက်ဝေးအောင် သွေးထိုးဖို့ပါပဲ။ အဲဒီလိုလုပ်ဖို့ စစ်အာဏာရှင်က နည်းဗျူ ဟာမျိုးစုံကို သုံးလိမ့်ပါလိမ့်မယ်။

၁။ အာဏာရှင်တွေက လူသားဆိုင်ဆရာ ဘေးအန္တရာယ်ကို ဆက်လက်ဖန်တီး ပါလိမ့်မယ်။ သူတို့ကတော့ လူထုကို ပိုမိုခက်ခဲ ဒုက္ခရောက်အောင်လုပ်ပြီး တော်လှန်ရေးနဲ့ ခွဲထုတ်ဖို့ကြိုးစားနေတာဖြစ်တယ်။ ဒါကို အာဏာရှင်တွေ အနေနဲ့ စစ်ဆင်ရေးတွေနဲ့ လုပ်နေတာဖြစ်တယ်။ (အရပ်သားတွေကို သတ် ဖြတ် တယ်၊ ရွာတွေကို ဗုံးကျဲ၊ မီးရှို့တယ်၊ လူထုတွေကို သူတိူ့အိမ်မှာ နေလို့ မရအောင် မောင်းထုတ်တယ်။) ဒါကို ဖြတ့လေးဖြတ်နဲ့ အဆမတန် ငွေကြေး ဖွအောင် လုပ်ပြီး ဆောင်ရွက်နေတယ်။

အာဏာရှင်တွေကတော့ သူတို့နိုင်ဖို့အတွက် လူထုအတွက် အခြေနေကို ဆိုးနိုင်သမျှဆိုးအောင်လုပ်တဲ့ ဗျူဟာကို အသုံးပြုနေတယ်။

၂။ အတုအယောင် ငြိမ်းချမ်းရေးဖြစ်စဥ်နဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင် ရာ အပစ်ခတ်ရပ်စဲရေးကို ဆက်ပြီးတော့ မက်လုံးအနေနဲ့ ပေးပါလိမ့်မယ် ။ အဲဒါကို နိုင်ငံတကာက ပါဝင်ပတ်သက်သူများစွာ (ဥပမာ၊ ဆာဆာဂါဝါနဲ့ ဆွစ်ဇလန်သံရုံးက အထူးစေလွှတ်ထားတဲ့လူအချို့) က အတတ်နိုင်ဆုံး စကစ ကို ကူညီကြလိမ့်မယ်။

တကယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်ကပ်ဆိုး တွေက သူကိုတော်လှန်နေတဲ့လူထုကို ရိုက်တဲ့တုတ်ဆိုရင် လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ အပစ်ရပ်စဲရေးက စကစရဲ့ မုန်လာဥနီ (မက်လုံး) ဖြစ်ပါတယ်။

၃။ ဖြတ်လမ်းနည်းနဲ့ အနိုင်ရဖို့ ရွေးကောက်ပွဲအတုအယောင်ကို လုပ်မယ်။ တကယ့်ရွေးကောက်ပွဲမှာက ပြည်တွင်းပြည်ပ မီဒီယာတွေ ဓာတ်ပုံရိုက်ဖို့ လူနည်းစု နည်းနည်းလေးကိုဘဲ မေးပေးလိမ့်မယ်။ ရွေးကောက်ပွဲ ဥပဒေမှာ ယိုပေါက်တွေဖန်တီးပြီး မဲဆန္ဒနယ်တခုမှ ပြိုင်ဖက်မရှိရင် ယှဥ်ပြိုင်တဲ့လူက အနိုင်ရတယ်ဆိုတဲ့ ဥပဒေမျိုးဖန်တီးပြီး ‘အမတ်’ တွေကို စာရွက်ပေါ်မှာဘဲ မွေးထုတ်ပေးကြလိမ့်မယ်။

ဒါကြောင့် တကယ့်ရွေးကောက်ပွဲ စည်းရုံးရေးဆိုတာရှိမှာမဟုတ်ပါဘူး။ တကယ်မဲပေးမယ့်လူတွေမရှိသလို မဲပေးဖို့လည်း မဲဆန္ဒရှင်တွေ ထွက် လာကြ မှာမဟုတ်ဘူး။ အာဏာရှင်ထဲက တချို့လူတွေက မြန်မာနိုင်ငံ မြေပုံပေါ် ထိုင်ပြီးတော့ ပေမမှီဒေါက်မမှီ အတုအယောင်ပါတီတွေနဲ့ ညှိနှိုင်းလိမ့်မယ်။

ဒီမှာ ပြိုင်မယ့်လူမရှိဘူး ခင်ဗျာတို့ပြိုင်ပါ။ ကြံ့ခိုင်ရေးကတော့ ဒီမှာပြိုင်မယ် ဟိုမှာပြိုင်မယ်ပေါ့။ ဟိုမှာတော့ ဘယ်သူမှ မပြိုင်နဲ့ ဘာညာလုပ်လိမ့်မယ်။ ဒီလိုနဲ့ ပေမမှီဒေါက်မမှီ ပါတီတွေလည်း မဲဆန္ဒနယ်အချို့ခွဲတမ်းရပြီးတော့ လွှတ်တော်မှာ နေရာရပါလိမ့်မယ်။ အာဏာရှင်တွေက ဒါကိုဘဲ လုပ်နိုင်တယ်၊ ဒါကိုဘဲ လုပ်မှာပါ။ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ တချို့ကပြောလိမ့်မယ်။ ဘာမှ မရှိတာနဲ့စာရင် ဒါလည်းပိုကောင်းပါတယ် ဆိုပြီး (အသိမှတ်ပြုကြလိမ့်မယ်)။

အခုလို ရွေးကောက်ပွဲအတုအယောင်လုပ်မယ့် မဟာစီမံကိန်းကြီးကို အိန္ဒိယနဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ ယူအဲန်အဖွဲ့စည်းတွေက နည်းပညာအထောက်ကူပြု ကူညီဖို့အဆင်သင့်ဖြစ်နေကြတယ်။ တကယ်တော့ ဒါမှမဟုတ်ဘူး။ ပြည်သူ လူထုရဲ့ ဆန္ဒကိုဆက်လက် တိုက်ပွဲဆင်နေတဲ့ နောက်နည်း လမ်းတမျိုး နဲ့ စစ်ပွဲသာသာပဲ ဖြစ်ပါတယ်။

၄။ အခု စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံလို ပြန်ပြေးဆွဲပြီး အသုံးချနေတယ်။ ဒါကို ဆက်သုံးလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ပြော ပါတယ်၊ ဒီလိုလုပ်ဖို့ သဘောတူတယ်ဆိုပြီးတော့ အတုအ ယောင်သတင်း တွေဖြန့်ပြီး လိုရင်လိုသလို ခဏခဏ အသုံးချလိမ့်မယ်။ ဒါတကယ် တော့ သတင်း အမှားဖြန့်ဝေတာ၊ အသုံးချတာ၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာ သက် သက် ပဲဖြစ်မှာပါ။

၅။ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ပိုပိုပြီး သွေးကွဲအောင် ပိုပိုအစွန်း ဖက် ရောက်အောင် သွေးထိုးလှုံ့ဆော်ပါလိမ့်မယ်။ ဆိုရှယ်မီဒီယာနဲ့ စိတ်ဓာတ်စစ် ဆင်ရေးကို ခဏခဏအသုံးချပါလိမ့်မယ်။

နွေဦးတော်လှန်ရေးရဲ့ မဟာဗျူဟာ

=====================

အာဏာရှင်ကိုတော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အလုပ်ကတော့ အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နေတာ မကဘူး၊ ကိုယ့်ရဲ့ ကမ်းပိန်းတွေကို ဆက်လုပ်ရမှာဖြစ်တယ်။

အဓိက တာဝန်ကတော့ – အထက်ကဖော်ပြထားတဲ့အပြင်မှာ (မစွန့်လွှတ်သင့်၊ စွန့်လွှတ်လို့မရတဲ့ အရာကတော့) – တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်း ဆောင်ရွက်တဲ့ ဗျူဟာချဖို့ ဖြစ်ပါတယ်။

နောက်တာဝန်က အထက်ကဖော်ပြထားတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်ကို တုန့် ပြန် တာတခုတည်း မဟုတ်ဘူး၊ မိမိကိုယ်တိုင်က အစပြုတဲ့ အာဏာ ရှင်တော် လှန်ရေး ဗျူဟာတွေချပြီး တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးက ဆင်တူတဲ့ ပူးပေါင်း နည်းဗျူဟာတွေ ချမှတ်ဖို့ လိုပါတယ်။ ဒါဆိုရင် တော်တော်ကို အင်အား ချိနဲ့နေပြီဖြစ်တဲ့ စကစကို ဆက်ပြီးဖိအားပေးနိုင်ဖို့အတွက် တော်လှန် ရေးတပ်ဖွဲ့တွေအလေးထားရမယ့် အစိတ်အပိုင်းတွေက ဘာတွေလဲ။

၁။ လက်နက်ကိုင် တော်လှန်ရေးနဲ့ဆက်လက်ဖိအားပေးတာ။

၂။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားလုံး စစ်အာဏာရှင်ကို ဖြတ်ချဖို့ ဆန္ဒရှိ သလို စိတ်လည်းပိုင်းဖြတ်ထားရုံတင်မက တော်လှန်ရေးကိုလည်း နိုင်မှာ ဖြစ်သလို တော်လှန်ရေးအလွန်မှာလည်း တိုင်းပြည်ကို အသွင်ကူးပြောင်း ရေးကာလမှာ ကောင်းစွာဦးဆောင်နိုင်မယ်ဆိုတဲ့ ပုံရိပ်/လက္ခဏာရပ်ကို ထင်ထင်ရှားရှားပြသဖို့ လိုပါတယ်။

၃-အားလုံးပါဝင်သော လှုပ်ရှားမှု၊ လာမယ့် ၆-၈ လအတွင်း လူထုတွေပါဝင် နိုင် မယ့် လှုပ်ရှားမှုကြီးကြီးမားမားလုပ်သင့်ပါတယ်။ လုပ်လို့ရတဲ့ အရာတွေ အများကြီးပါ။ လုပ်လို့ရတယ်ထင်ရတဲ့ အိုင်ဒီယာတွေထဲက ပိုအလုပ်ဖြစ်မယ့် အရာ တွေကို ရွေးပါ။

၄။ အာဏာရှင်တွေ အဓိကဝင်ငွေရနေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ပါ။

၅။ အောင်မြင်တဲ့ တော်လှန်ရေးဘဏ္ဍာငွေရှာဖွေရေး လုပ်ပါ။

၆။ ငါတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးပိုကောင်းဖို့ လိုပါတယ်။ စစ်ကောင်စီရဲ့ သစ္စာ တော်ခံ တွေကို စိတ်ဓာတ်ကျစေမယ့် လူထုသတင်းစကားတွေကို ဖြန့်ဝေပါ။ ဆိုရှယ် မီဒီယာက သတင်းစကားတွေနဲ့ အချင်းချင်းကွဲပြားစေမယ့် သတင်း စကားတွေအကြား မျှော မသွားဖို့ သတိထားပါ။

၇။ ပိုကောင်းတဲ့ အကြံပြုချက်တွေရှိပါသေးတယ်။ အများပြည်သူသိအောင် ပြောဖို့တော့ မသင့်တော်ပါ။ တကယ်လို့ သင်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင် ဒါမှမဟုတ် တော်လှန်ရေးခေါင်းဆောင်တစ်ယောက်ဆိုရင် ဒီအချက်တွေကို ခဏလောက်သေသေချာချာ စဥ်းစားပါ။ ပြီးရင် ယုံကြည်စိတ်ချရတဲ့ ကိုယ့်ရဲ့ ကွန်ရက်ထဲကလူတွေနဲ့ ဆွေးနွေးပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article