Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ကို ဖွဲ့စည်းခြင်းမှာ သီးခြား တစ်စင်ထောင် ခြင်း မဟုတ်ဘဲ NUG အစိုးရလက်အောက်မှ နေ၍ ပြည်သူလူထု ဘက်မှ မားမား မတ်မတ်ရည် တည်သွား နိုင်ရန် ရည် ရွယ်ဖွဲ့ စည်းလိုက်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA ခေါင်း ဆောင်၊ BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါးက ပြောပါတယ်။
-အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့ကုန်စည်စီးဆင်းမှုကြီး ကြပ်ရေး ကော်မတီ အတွင်းရေးမှူး လည်းဖြစ်၊ နိုင်ငံခြားငွေနှင့်ဒေါ်လာ ဝယ်ယူခွင့် လိုင် စင် ထုတ်ပေးသူလည်းဖြစ်သူဗိုလ်ချုပ်ရန်နောင်စိုးနဲ့ ကုန်သည်နှင့်စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ထက်မနည်းကို စစ်တပ်နဲ့ စသုံးလုံးက ဖမ်းဆီးထားတယ်လို့ ပြည်တွင်း UMFCCI အသိုင်း အ၀ိုင်းကနေ သိရပါတယ်။
– ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ဘက်မှ စစ်သား ၂၅ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
