မြန်မာစစ်တပ်က ပိုမို ဆိုးရွားပြင်းထန်တဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန် နေ တယ်လို့ IIMM က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အစီရင်ခံစာတင်
“မြန်မာပြည်သူတွေဟာ လက်ရှိ ဖြစ်ပွားနေဆဲ ကြောက်မက်ဖွယ်ရာ ဇ၀တ်မှု တွေရဲ့ သက်ရောက်မှု တွေကို ခံစားနေရပါတယ်။ ယန္တရားက မြန်မာပြည်သူ တွေအတွက် တရားမျှတမှုရရှိရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အကြောင်း နဲ့ ကျူးလွန်သူတွေကို တနေ့နေ့မှာ သေချာပေါက် အရေးယူနိုင်ဖို့ ကြိုးပမ်း အားထုတ်နေတဲ့အကြောင်း ကျွန်တော့်အနေနဲ့ မြန်မာပြည်သူတွေကို အသိပေးလိုပါတယ်”
ရန်ကုန်၊ စက်တင်ဘာ ု၂
မြန်မာစစ်တပ်ဟာ ပိုမိုဆိုးရွားပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေ နဲ့ လူသားမျိုး နွယ် အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု တွေကို ဆက်တိုက်ကျူးလွန်နေကြောင်း ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ၏အကြီးအကဲ နီကိုလက်စ်ခွန်ဂျန် ကပြောပါတယ်။
“မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေ တိုးမြင့်လာတဲ့ အကြောင်း ကို ဒီလူ့အခွင့်အရေးကောင်စီမှာ ကျွန်တော် မနှစ်ကအ စီရင်ခံခဲ့ပါ တယ်။ ဝမ်းနည်းစွာပဲ၊ ဒီ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု အကြိမ်ရေနဲ့ ပြင်းထန်မှုက ပြီးခဲ့တဲ့လတွေအတွင်းမှာ ပိုမြင့် တက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ပြင်းထန် တဲ့လေကြောင်း ဗုံးကြဲမှုတွေနဲ့ အရပ်သားတွေကို မရှောင် ရှားတဲ့ ပစ်ခတ်မှုတွေကို ကျွန်တော်တို့ ပိုမြင်တွေ့ ခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှု တွေကြောင့် ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ တိုက်ခိုက်ရေးသမား တွေနဲ့ အရပ်သားတွေကို ကွပ်မျက်ခြင်း အပြင် နေအိမ်နဲ့ရွာတွေကို ရည်ရွယ် ချက် ရှိရှိ မီးရှို့ခြင်းတွေလည်း ပိုတိုးလာတာကို တွေ့ရပါတယ်။ တရားဥပဒေမဲ့ ဖမ်းဆီးမှု အရေအတွက်လည်း မြင့်တက်လာပြီး အကျဉ်းသားအချို့ကို ညှဉ်းပန်း နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ အခြား ဆိုးရွားတဲ့ ဆက်ဆံမှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ ကျွန်တော်တို့ စုဆောင်းရရှိထားပါတယ်။” လို့ နီကိုလက်စ်ခွန်ဂျန် ကဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအကြီးအကဲ နီကိုလက်စ်ခွန်ဂျန် က မနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ IIMM ရဲ့ ပဉ္စမနှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းစဉ်မှာပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ မြန်မာစစ်တပ်ဟာ ပြင်းထန်တဲ့လေကြောင်း ဗုံးကြဲမှုတွေနဲ့ အရပ်သားတွေကို မရှောင် ရှားတဲ့ ပစ်ခတ်မှုတွေကို လုပ်ဆောင်ခဲ့ပြီး ဒီတိုက်ခိုက်မှု တွေကြောင့် ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ရကြောင်း နီကိုလက်စ်ခွန်ဂျန် က ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိတဲ့ စစ်တပ်ဆန့်ကျင်သူ တော်လှန်ရေးသမားတွေနဲ့ အရပ်သားတွေကို ကွပ်မျက်ခြင်း အပြင် နေအိမ်နဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းတွေလည်း ပိုတိုးလာတာကို တွေ့ရတယ်လို့လည်း နီကိုလက်စ်ခွန်ဂျန် က လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကိုတင်သွင်းတဲ့ အစီရင်ခံစာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
“ လွန်ခဲ့တဲ့နှစ်အတွင်း လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေထံက မကြုံဖူး လောက်အောင် များပြားလှတဲ့ အထောက်အထားနဲ့ အချက်အလက် တွေ ကျွန်တော်တို့ စုဆောင်းရရှိထားပါတယ်။ ဒီလောက် ပမာဏများများရရှိမယ်လို့ မမျှော်လင့်ခဲ့တာ အမှန်ပါ။ အလုပ်တာဝန် များလာပြီး အရင်းအမြစ်တွေ မှာလည်း ကန့်သတ်ချက်တွေရှိနေတာကြောင့် ယန္တရားဟာ ထိခိုက်နစ်နာသူ တွေအပေါ် သက်ရောက်မှုအပြင်းထန်ဆုံးနဲ့ အကြီးလေးဆုံးရာဇ၀တ်မှု တွေကိုသာ မဟာဗျူဟာကျကျ ရွေးချယ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။” လို့လည်း နီကိုလက်စ်ခွန်ဂျန် က အစီရင်ခံစာတင်သွင်းစဉ်မှာ ရှင်းပြခဲ့ပါတယ်။တရားဥပဒေမဲ့ ဖမ်းဆီးမှု အရေအတွက်လည်း မြင့်တက်လာပြီး အကျဉ်းသားအချို့ကို ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ အခြား ဆိုးရွားတဲ့ဆက်ဆံမှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း ခိုင်လုံတဲ့ အထောက် အထားတွေကို IIMM အနေနဲ့စုဆောင်းရရှိပြီးဖြစ်ကြောင်း သူကဆိုပါတယ်။
ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ ရွာမီးရှို့မှုတွေ၊ အရပ်သားတွေကို တိုက်ခိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို စုဆောင်း ရရှိထားပြီးဖြစ်ကြောင်း IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
“ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ အထောက်အထားတွေအနက် မြောက်မြား စွာသော လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေဟာ အထူး ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ပါတယ်။” လို့ နီကိုလက်စ်ခွန်ဂျန် ပြောပါတယ်။
ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ကို မြန်မာ နိုင်ငံအတွင်းဝင်ရောက်ခွင့်မပြုဘဲ မြန်မာစစ်အုပ်စုက ပိတ်ပင် ထား တာကလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း သူကဆက် လက်ပြောကြားခဲ့ပါတယ်။
“ နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုပေးဖို့၊ အချက်အလက်တွေမျှဝေပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် စစ်တပ်အာဏာပိုင်တွေ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုထားဆဲဖြစ်ပါတယ်။” လို့ဆိုပါတယ်။
စစ်တပ်ကဝင်ရောက်ခွင့်မပြုပေမယ့်လည်း စုံစမ်းစစ်ဆေးမှုလုပ်ငန်းတွေမှာ ခေတ်မီနည်းပညာအသစ်တွေကို ထည့်သွင်းအသုံးပြုနေကြောင်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
IIMM ရဲ့ ပွင့်လင်းသတင်းရင်းမြစ် (Open Source) စုံစမ်းရေးအဖွဲ့က လူမှုကွန် ရက် ပေါ်တင်ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ အခြား သတင်း အချက်အလက်၊ အကြောင်းအရာ မြောက်မြားစွာကို စိစစ်သုံးသပ် အတည်ပြုဖို့ အတွက် နောက်ဆုံးပေါ်နည်းပညာသုံးပြီး လုပ်ဆောင်နေကြောင်းလည်း ရှင်းပြခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ လက်ရှိဖြစ်ပွားနေဆဲ ကြောက်မက်ဖွယ် ရာဇ၀တ်မှု တွေရဲ့ သက်ရောက်မှုတွေကို ခံစားနေကြရပြီး IIMM အနေနဲ့ မြန်မာပြည်သူ တွေအတွက် တရားမျှတမှုရရှိရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေ တဲ့ အကြောင်းနဲ့ ကျူးလွန်သူတွေကို တနေ့နေ့မှာ သေချာပေါက် အရေးယူနိုင်ဖို့ ကြိုးပမ်းအားထုတ်နေတဲ့အကြောင်း မြန်မာပြည်သူတွေကို အသိပေးလို ကြောင်း IIMM ၏အကြီးအကဲ နီကိုလက်စ်ခွန်ဂျန် ကပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် IIMM ယန္တရားရဲ့ စုံစမ်းမေးမြန်းမှုလုပ်ငန်းတွေကို ဒေသအများအပြားမှာ ချဲ့ထွင် ဆောင်ရွက် နေပြီး တဖက်မှာလည်း ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာမြန်မာ စစ်တပ် ကကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်ကျူးလွန်မှုတွေနဲ့ ပတ်သက် တဲ့ သက်သေအထောက်အထား စုဆောင်းခြင်းနဲ့ စိစစ်သုံးသပ်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။