28 C
Yangon

NUG နှင့် ဗိုလ်နဂါး တွေ့ဆုံ ဆွေးနွေးမှု ၃ ချက်တွင် BNRA တပ်မတော်ကိစ္စ မပါဝင်

Must read

NUG နှင့် ဗိုလ်နဂါး တွေ့ဆုံ ဆွေးနွေးမှု ၃ ချက်တွင် BNRA တပ်မတော်ကိစ္စ မပါဝင်

ရန်ကုန်၊ စက်တင်ဘာ ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် MRDA ခေါင်းဆောင် ဗိုလ်နဂါးတို့ တွေ့ဆုံဆွေးနွေးရာတွင် အချက် ၃ ချက်ကိုသာ အဓိကထား ဆွေးနွေးခဲ့ပြီး ဗိုလ်နဂါး ဦးဆောင်ဖွဲ့စည်းခဲ့သော BNRA တပ်မတော် ကိစ္စ မပါဝင်ကြောင်း NUG သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် စစ်အာဏာရှင် စနစ် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစု များ ၏ အခန်းကဏ္ဍကို လေးနက်စွာ အသိအမှတ်ပြုပြီး ယင်းအဖွဲ့ အစည်း အသီးသီး၏ အခြေအနေအရပ်ရပ်ကို မပြတ်စောင့်ကြည့် လေ့လာ ဆန်းစစ် လျက်ရှိကြောင်း၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန် တိုက်ပွဲဝင်နေသည့် မြေပြင်တော်လှန်ရေး ခေါင်းဆောင်များကို အသိအမှတ်ပြုခြင်းနှင့် တော်လှန်ရေး အတွက် စုစည်း ညီညွတ်မှုကို အခြေတည်လျက် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်တို့သည် ၂၀၂၃ခုနှစ်၊ မေလ (၂) ရက်နေ့တွင် မြန်မာ့ တော်ဝင် နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးကို Zoom Meeting မှတဆင့် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားသည့် Chain of Command (COC) တွင် ပါဝင်ဆောင်ရွက်ကြရန်၊ အမျိုးသားညီညွတ်ရေး အစိုးရ က မြေပြင်တွင် တည်ဆောက်လျက်ရှိသော အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာယန္တရားများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန် ကာလတွင် အကောင်အထည် ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်း လဲရေး ဆိုင်ရာ အစီအစဉ်များတွင် လက်ခံပါဝင် ဆောင်ရွက်ရန် အဆိုပါကိစ္စရပ်များကို အလေးထားပြောဆိုခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် အနေဖြင့် ဗိုလ်နဂါးဖြင့် အထက်ပါ ဆွေးနွေးချက်များမှလွဲ၍ အခြားမည်သည့် ဆွေးနွေးချက်၊ သဘောတူညီချက် တစုံတရာ လုံးဝ မရှိခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

ဗိုလ်နဂါးကမူ BNRA တပ်မတော်ကို ဖွဲ့စည်းပြီး NUG လက်အောက်မှနေ၍ ပြည်သူ ဘက်မှ ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက” သတင်းထုတ်ပြန်ချက်ကို ပဲ ကိုးကားလိုက်ရင်အဆင်ပြေပါလိမ့်မယ်ခင်ဎျ။ ကျစ်ကျစ်လစ်လစ်နဲ့ ပြည့်စုံ စွာဖော်ပြထားပါတယ်။ ဘာကြောင့်တွေ့တယ်။ ဘာတွေဆွေးနွေးခဲ့တယ် အတိ အကျဖော်ပြထားပါတယ်။ အဲအပြင် တခြားဆွေး နွေးတာမရှိပါဘူးဆိုတာလည်း ပြောပြထားပါတယ်” ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article