24 C
Yangon

ဆောထိမြို့နယ်ရှိ စစ်တပ်၏ သံဆိပ်စခန်းတွင်နေထိုင်သော စစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၄၀ စီ ချီးမြှင့်

Must read

ဆောထိမြို့နယ်ရှိ စစ်တပ်၏ သံဆိပ်စခန်းတွင်နေထိုင်သော စစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၄၀ စီ ချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၁၄

ကရင်ပြည်နယ်၊ KNU ဆောထိမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သံဆိပ်စခန်းတွင်နေထိုင်သော စစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၄၀ စီ ချီးမြှင့်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၁ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် KNU တပ်မဟာ ၃ ၊ ဆောထိမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ သံဆိပ်စခန်းတွင် နေထိုင်သော ခမရ−၃၅၀ တပ်ရင်းမှ တပ်သား ၂ ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ ထံ အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော အကြမ်းဖက် စစ်တပ်၏ ခမရ−၃၅၀ တပ်ရင်းမှ စစ်သား ၂ ဦးသည် MA1 သေနတ် ၁ လက်၊ MA2 သေနတ် ၁ လက် နှင့် ကျည် ၂၃၇ တောင့် တို့ ယူဆောင် လာသောကြောင့် ခလယ်လွီထူခရိုင် တာဝန်ရှိသူများက တစ်ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း ၄၀ စီ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article