23 C
Yangon

ရန်ကုန်တွင် တော်လှန်လူငယ်များက စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်တွင် တော်လှန်လူငယ်များက စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်မြို့တွင် စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ တော်လှန် လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြည်သူ့အစိုးရ (NLD) လက်ထက် သန့်ရှင်းသည့် ရွေးကောက်ပွဲရလဒ်ကို လက်နက်အားကိုးဖြင့် ချေဖျက်ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူ့သွေးများကို လမ်းခင်းပြီး ပြုလုပ်မည့် အဓိပ္ပါယ်မရှိသော အတုအယောင်ရွေးကောက်ပွဲသည် အကြမ်းဖက် စစ်အာဏာရှင်များ သက်ဆိုးရှည်ရေးနှင့် ၎င်းတို့၏ စည်းစိမ်၊ဥစ္စာ၊အာဏာ ထာဝရ တည်မြဲရေးအတွက် တိုင်းပြည်ဖျက်မည့် အကြံအစည်ပင် ဖြစ်​ကြောင်း တော်လှန်လူငယ်များက ပြောဆိုသည်။

နိုင်ငံ အာဏာကို လက်နက်ကိုင်ပြီး အကြမ်းဖက်လုယူပြီး နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ခဲ့​သော အကြမ်းဖက် စစ်အုပ်စုသည် တစ်နေ့တစ်ချိန်တွင် ဧကန်မုချ ပြည်သူ့တရားစီရင်ခြင်းခံရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန်ကြိုးစားနေသည့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုသဘောဆန္ဒနှင့် အညီ ဆန့်ကျင် ကန့်ကွက်ပြီး လုံးဝ လက်မခံကြောင်း အတိအလင်း ကြေညာအပ်သည်ဟု စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article