ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းရွာအတွင်း တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းရွာအတွင်း တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း ဆေးရုံကုန်း နှင့်စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ မခရ-၅၄၆ ၊ မခရ-၂၃၀ ၊ ခမရ-၂၀၈ ပူးပေါင်း တပ်ရင်းများကို KNU – တပ်မဟာ ၆ ၊ KNDO တပ်ရင်း ၆ နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ စစ်သုံးကား ၁ စီး ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က တိုက်ပွဲအတွင်း လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရကာ ပြည်သူ ၄၀၀ ကျော် စစ်ဘေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။