ဖားကန့်မြို့နယ်တွင် KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ စက်တင်ဘာ ၁၅
ဖားကန်းမြို့နယ်တွင် ဒေသပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့၌ KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြ ပြည်သူများက “ဘုံရန်သူကို အမြစ်ဖြတ်တိုက်ဖို့ တပ်ပေါင်းစုဖြင့်ချီတက်စို့” ၊ “ဘုံရန်သူ တူနေရင် ညီ ညွတ်ရေးလည်း ယူနိုင်ရမယ်” ၊ “စစ်အာဏာရှင် စနစ်လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ၊ “နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ပါဝင်စို့” စသည့်ကြွေးကြော်သံများ ဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရှိရသည်။

