24.7 C
Yangon

မုံရွာရှိ တောပုရွာ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဘုတ်ပြင်းတွင် စစ်တပ်ဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မုံရွာရှိ တောပုရွာ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဘုတ်ပြင်းတွင် စစ်တပ်ဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ တောပုရွာ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျားညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့နယ်ရှိ တောပုရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ တပ်ခွဲက မောင်းပြန် ၂ လက် ကမ်ပိန်းလေး လုပ်ထားပါတယ်။ အဲတာကို ကူညီ ဝန်းရံပေးကြပါအုံးလို့ အကူအညီ တောင်းခံချင်ပါတယ်” ဟု ကျားညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၃ တပ်ခွဲ ၂ ကျားညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၃ လင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၄ လေပွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လေညာမဏ္ဍိုင်တံတားရှိ အကြမ်းဖက်စစ်သား များ ကို ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

စက်တင်ဘာလ ၁၁ ရက် နေ့က ဘုတ်ပြင်းမြို့နယ်၊ လေညာ မဏ္ဍိုင်တံတားရှိ အကြမ်းဖက်စစ်ကောင်စီ ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၊ အခြားမည့်သည့်အဖွဲ့အစည်းများနှင့် လုံးဝ (လုံးဝ) သတက်ဆိုင် ခြင်းမရှိကြောင်း သိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article