အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ စက်တင်ဘာ ၁၆
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “မိုက်လို့တိုက်နေတာ မဟုတ်ဘူး မကြိုက်လို့တိုက်နေတာ ငါတို့အားလုံးက လိမ္မာပြီးသား” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

