ထားဝယ်ခရိုင် လောင်းလုံးတွင် ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့်အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ လူထုစည်းရုံးလှုံ့ဆော်ရေးလှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ စက်တင်ဘာ ၂၄
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)မှ
ကျေးရွာအုပ်စုဈေးသို့ သွားရောက်၍ လူထုစည်းရုံးလှုံ့ဆော်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) ၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ လုပ်ဆောင်ခဲ့ပြီး အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ(ASECC) အဖွဲ့ဝင် အင်အားစုတွေကနေ ထုတ်ဝေသည့် ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့်အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါတယ်။