23 C
Yangon

မြန်မာစစ်တပ်အပေါ် လက်နက်တင်သွင်းမှုနှင့်လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့ အရေးယူနိုင်ရေး NUG နိုင်ငံခြားရေးဝန်ကြီးက ယူကေ၊ ကနေဒါ နိုင်ငံတို့၏ ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

Must read

မြန်မာစစ်တပ်အပေါ် လက်နက်တင်သွင်းမှုနှင့်လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့ အရေးယူနိုင်ရေး NUG နိုင်ငံခြားရေးဝန်ကြီးက ယူကေ၊ ကနေဒါ နိုင်ငံတို့၏ ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၆

အကြမ်းဖက် မြန်မာစစ်တပ်အပေါ် လက်နက်တင်သွင်းမှုနှင့် လေယာဉ်ဆီ တင်သွင်းမှုကို ဥပဒေကြောင်းအရ ပိတ်ဆို့ အရေးယူနိုင်ရေး အမျိုးသားညီညွတ် ရေး အစိုးရ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က UK နှင့်ကနေဒါ နိုင်ငံတို့ ၏ ကုလသမဂ္ဂ အမြဲတမ်း ကိုယ် စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ကြောင်း NUG က တရားဝင် သတင်း ထုတ် ပြန်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ယူကေနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂအမြဲတမ်းကိုယ်စားလှယ် Barbara Woodward နှင့်တွေ့ ဆုံကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ ဂလုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်အမှတ် ၂၆၆၉ ကို ချမှတ်ရာတွင် ယူကေနိုင်၏ ဦးဆောင်မှု အခန်းကဏ္ဍကို အထူးပင်အသိအမှတ် ပြုကျေး ဇူးတင်ကြောင်း ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် မြန်မာ အကြမ်းဖက် စစ်အုပ်စုကို လက်နက်တင်သွင်းမှု၊ လေယာဥ်ဆီ တင် သွင်း မှုတို့အား ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေး ကိစ္စရပ်များ ကို လည်း ဆွေးနွေးကြကြောင်း သိရှိရသည်။

ထို့ပြင် ကနေဒါနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် Bob Rae ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံပြီး စစ်အုပ်စုကို ပိုမိုဖိအားပေးအရေးယူနိုင်ရေးကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article