32 C
Yangon

မတူပီ-ဟားခါး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံး

Must read

မတူပီ-ဟားခါး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၆

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း CDF – Matupi တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၆ ရက် နေ့လည် ၁၂ နာရီခန့်က အကြမ်းဖက် စစ်တပ်၏ မတူပီခရိုင်ရုံးမှ လက်နက်ကြီးများ ပစ်ခတ်ပြီး အင်အား ၈၀ ခန့်ဖြင့် ထွက်လာသော စစ်တပ် စစ်ကြောင်းကို မတူပီ- ဟားခါး လမ်းပိုင်းရှိ မတူပီခရိုင်ရုံးနှင့် ငလိုင်ရွာ အကြား၌ CDF – Matupi တပ်ဖွဲ့ဝင်များက ခုခံ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကာ ၎င်းတို့တပ်စွဲထားသော ခရိုင်ရုံးကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“ခရိုင်ရုံးမှာ တပ်စွဲထားတဲ့ စကစတပ်သားတွေ လက်နက်ကြီးတွေနဲ့ ပစ်ပြီး စစ်ကြောင်းထိုးလာလို့ တိုက် ပွဲဖြစ်တာ၊ မျက်မြင်တော့ လက်နက်ကြီးပစ်တဲ့ နှစ်ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ တိုက်ပွဲဖြစ်ပြီးတော့ ပြန်ဆုတ်သွားတာပါ၊ လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတုန်းပဲ၊ အဲဒီ ဘက်မှာက ပြည်သူတွေနေထိုင်တာမရှိတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိလို့တော့ မကြားမိသေးပါဘူး၊” ဟု CDF – Matupi တပ်ဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း Chinland Defense Force – Matupi တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယခု ညပိုင်းအထိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး အချိန်မရွေး တိုက်ပွဲဆက်လက် ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် မတူပီ-ဟားခါး လမ်းပိုင်းကို တောထွက်ခြင်း၊ သွားလာခြင်းများ မပြုလုပ်ကြရန် CDF – Matupi က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article