ဖားကန့်တွင် စစ်အာဏာရှင် အမြစ်ဖြတ်ဆန့်ကျင်ရေးသပိတ်နှင့် KIA, PDF, NUG ထောက်ခံပွဲပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၁၄
ကချင်ပြည်နယ် ဖားကန့်မြို့တွင် အောက်တိုဘာ ၁၄ ရက်နေ့က စစ်အာဏာရှင် အမြစ်ဖြတ်ဆန့်ကျင်ရေးသပိတ်နှင့် KIA, PDF,NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြ ပြည်သူများက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသော ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ရှောင်စခန်းမှ ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ကြကာ “ မုန်လိုက်ခက် နဲ့ အတူ ရပ်တည်ကြ ဖက်ဆစ်စပ်တပ် အမြစ်ဖြတ်ကြ” ၊“ စစ်အာဏာရှင် စနစ် လုံးဝ အုပ်ချုပ်ခွင့်မရ စေရ “၊ “ သွေးမအေးကြေး နွေဦးတော်လှန်ရေး” စသည့်ကြွေးကြော်သံများဖြင့် သပိတ်မှောက်ခဲ့ကြသည်။