28 C
Yangon

မော်လိုက်မြို့နယ်ရှိ ညောင်ဝန်းရွာတွင် ပျူစောထီးများက ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

Must read

မော်လိုက်မြို့နယ်ရှိ ညောင်ဝန်းရွာတွင် ပျူစောထီးများက ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ ညောင်ဝန်းရွာတွင် ပျူစောထီးများက ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မော်လိုက်မြို့နယ်၊ ညောင်ဝန်းရွာသား ကိုအောင်ဇော်၀င်းနှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ကိုကုလား တို့ကို ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီးကာ ပစ်သတ်ခဲ့​ပြီး ရွာအနီးရှိ ချင်းတွင်း မြစ်အတွင်း ရုပ်အလောင်းများကို ပစ်ချခဲ့​ကြောင်း သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေသပြည်သူများက ကိုအောင်ဇော်ဝင်း၏ ရုပ်အလောင်းကို ချင်းတွင်း မြစ်အတွင်းမှ ပြန်လည် ဆယ်ယူနိုင်ခဲ့ပြီး ကိုကုလား၏ ရုပ်အလောင်းကို လက်ရှိချိန်ထိ ပြန်လည် ဆယ်ယူနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

” ပျူစောထီးတွေ အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်ဖြတ်သွားတာ ကြိုးတုတ်ပြီး သေနတ်နဲ့ ပစ်သတ်တာပါ။ ကိုအောင်ဇော်၀င်းက ညောင်ဝန်းရွာသား သူ့ရုပ်အလောင်းပြန်ရတယ်။ ကိုကုလားက မန္တလေးမှာ နေတာလို့ပဲ သိရတယ် သူက ညောင်ဝန်းရွာကို အလည်လာရင်း အသတ်ခံလိုက်ရတာ သူ့ရုပ်အလောင်းတော့ ပြန်မရသေးဘူး” ဟု ဒေသပြည်သူများ တစ်ဦးက ပြောဆိုသည်။

ပျူစောထီးများ ပစ်သတ်ခဲ့သည့် ကိုအောင်ဇော်၀င်းနှင့် ကိုကုလားတို့သည် ရွှေမှော် လုပ်ကိုင်သော သာမန်ပြည်သူများသာဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article