Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါစျေးနဲ့ကျေးရွာတွေကို အနန့်ပါလေကြောင်းတိုက်ခိုက်မှု ၁ နှစ်ပြည့်နေ့မှာ စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်နဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။
– မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးအတွက် စစ်တပ်က အတားအဆီးဖြစ်နေပြီး စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်မှုရတဲ့အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဦးဆောင်တိုက်ပွဲဝင်မယ်လို့ တရားဝင်ကြေညာပါတယ်။
– ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ် နဲ့ တီးတိန်မြို့နယ်အတွင်း PDF-Zoland တပ်ဖွဲ့၀င်တွေ နဲ့ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်တွေ ပူးပေါင်းကာ အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။