Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက်စစ်တပ်က စစ်အင်အား မလုံလောက်တဲ့အတွက် စစ်ဆေးဆရာဝန်တွေကို ရှေ့တန်း ထွက်ခိုင်းရာကနေ ဖာပွန်ရှေ့တန်းစခန်းက စစ်ဆေးဆရာဝန် ဗိုလ်ကြီး နေလင်းထက်ဟာ ကိုယ့်ကို ကိုယ် သတ်သေသွားတယ်လို့ စစ်ဆေးအသိုင်းဝိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်တဲ့ အမှတ် ၁ စစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၇၅ ဦး သေသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
– ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးများ သယ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁ ဦးကို အရှင် ဖမ်းဆီးရမိထားတယ်လို့ MNDAA ကိုးကန့် သတင်းဌာန The Kokang ကနေ ဖော်ပြထားပါတယ်။
– အကြမ်းဖက် စစ်ကောင်စီရဲ့ NCA ၈ နှစ်ပြည့် အခမ်းအနား တက်ခဲ့တဲ့ ABSDF ဒုဥက္ကဌ ရဲဘော် မျိုးဝင်းအပါအဝင် ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကနေ ရပ်ဆိုင်း လိုက် တယ်လို့ ကျောင်းသားတပ်မတော် ABSDF ပြောရေး ဆိုခွင့်ရှိသူ ရဲဘော် ဆန်နီသူကပြောဆို လိုက် တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
