29 C
Yangon

မြောင်းမြမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ရန် ကြံစည်မှု မြို့နယ်စစ်ကောင်စီ၏ ကြားဝင်မှုကြောင့် သိန်း ၃၀ လျှော်ကြေးဖြင့် အမှုပိတ်၊ ညှိနှိုင်းပေးသူ ရပ်ကွက်နှင့်မြို့နယ် စစ်ကောင်စီအဖွဲ့ဝင်များကို သိန်း ၂၀ ပေးရ

Must read

မြောင်းမြမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ရန် ကြံစည်မှု မြို့နယ်စစ်ကောင်စီ၏ ကြားဝင်မှုကြောင့် သိန်း ၃၀ လျှော်ကြေးဖြင့် အမှုပိတ်၊ ညှိနှိုင်းပေးသူ ရပ်ကွက်နှင့်မြို့နယ် စစ်ကောင်စီအဖွဲ့ဝင်များကို သိန်း ၂၀ ပေးရ

ရန်ကုန်၊ အောက်တိုဘာ ၂၀

ဧရာဝီတိုင်း၊ မြောင်းမြမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ရန် ကြံစည်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ယင်းအမှုကို မြောင်းမြမြို့နယ်စစ်ကောင်စီ၏ ကြားဝင်မှုကြောင့် ကျူးလွန်သူက သိန်း ၃၀ လျှော်ကြေးပေး၍ အမှုပိတ်လိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလဆန်းပိုင်းတွင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ မြဇေယျာ ၄ လမ်းနေ မြင့်ဝေ ဆိုသူက ၎င်း၏ အိမ်ရှေ့ မျက်နှာချင်းဆိုင်တွင် နေထိုင်သူ ဦး——၏ သမိးဖြစ်သူအသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို မိဘများ မရှိခိုက် မုဒိမ်းကျင့်ရန် ကြိုးစားကြောင်း၊ ထိုသို့ ကြိုးစားနေစဉ် ပတ်ဝန်းကျင်က မြင်တွေ့၍ ၀ိုင်းဝန်းလာကြပြီး မုဒိမ်းကျင့်ရန် ကြိုးစားသူ မြင့်ဝေကို ဖမ်းဆီးခဲ့ကြောင်း ၊ ယင်းနောက် မြင့်ဝေကို ရပ်ကွက်ရုံးတွင် ဖမ်းဆီးထားစဉ် မြို့နယ်ရဲ၊ စစ်တပ်တို့ ရောက်ရှိလာပြီး အမှုကို ညှိနှိုင်းပေးလိုက်သဖြင့် ငွေကျပ် သိန်း ၃၀ လျှော်ကြေးဖြင့် အမှု ပိတ်ပြီးစီးသွားကြောင်း သိရှိရသည်။

“မုဒိမ်းကျင့်ဖို့ ကြံစည်ခံရတဲ့ အသက် ၁၃ နှစ်ရွယ် ကလေး မိဘတွေက ကရင်တိုင်းရင်းသားတွေ လူရိုးလူအေးတွေ။ အဲဒါနဲ့ မြို့နယ်စစ်ကောင်စီနဲ့ ရဲတွေက ဝင်ညှိပေးတာ ငွေ သိန်း ၃၀ လျှော်ကြေးနဲ့ အမှု ပိတ်သွားတယ်။ သိန်း ၂၀ ကို ညှိနှိုင်းပေးတဲ့ မြို့နယ် လူကြီးတွေကို ပေးရတယ်။ အမှု အားလုံး အပြီးအစီး ကုန်ကျငွေကတော့ သိန်း ၅၀ ပေါ့။ ကျူးလွန်ဖို့ ကြိုးစားသူက အကုန်လုံးနဲ့ ပိုင်တယ်ပေါ့။ အဲဒီလိုဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် မုဒိမ်းကျင့်ရန် ကြံစည်ခဲ့သူ အသက် ၅၀ နှစ်အရွယ် မြင့်ဝေသည် ရပ်ကွက်ရုံးနှင့် မြို့နယ်ရုံးများတွင် အဝင်အထွက် ပုံမှန်ဖြင့် အရေးယူမှု တစ်စုံတစ် ရာမရှိဘဲ သွားလာလှုပ်ရှားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article