Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ KLFB အမည်ရှိတဲ့ Online Game Application တစ်ခုက ဂိမ်းကစားသူ လူပေါင်း ၅ သိန်းဝန်းကျင်ဆီကနေ ငွေသိန်းသောင်းချီ လိမ်လည်မှုဖြစ်ပွားနေတယ်လို့ ငွေလိမ်ခံရသူတွေဆီက သိရပါတယ်။
– ရန်ကုန်မြို့လယ်ခေါင်မှာ အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီက ထမင်းကြော်စားရင်း ပစ်ခတ်ခံ ရပြီး သေဆုံးခဲ့တဲ့ ဉာဏ်လွင်အောင်ဟာ North Gate Security Solutions Company Limited ကုမ္ပဏီအမည်နဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူပေးဖို့ မှတ်ပုံတင်ထားတယ်လို့ စစ်တပ်ဘက်က ပေါက်ကြားလာတဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မုံးကိုးနဲ့ မုံးပေါ်ဒေသအကြား ဝိန်းလာတောင်မှာရှိတဲ့ ခမရ ၅၆၇ တပ်စခန်းတစ်ခုလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။