32 C
Yangon

ရေးမြို့နယ်၊ အပြင်စခန်းရွာအနီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး

Must read

ရေးမြို့နယ်၊ အပြင်စခန်းရွာအနီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အပြင်စခန်းကြီးကျေးရွာအနီးတွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကြောင်း အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း-J.O.C၊ ဒုစစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်း နံနက် ၉ နာရီအချိန် အပြင်စခန်းကြီးရွာအနီး မော်လမြိုင်- ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတွင် လုံခြုံရေးရယူစစ်ဆေးခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီ ခွဲခန့်အချိန် အကြမ်းဖက်စစ်တပ်က အမြှောက်ဖြင့် ၃ ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ၂ လုံးပေါက်ကွဲခဲ့ကြောင်း ၊ ပူးပေါင်းတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး အပြင်စခန်းကြီးရွာအနီး ဘုရားကုန်းတွင် နယ်မြေလုံခြုံရေးရယူပြီး တပ်ဖြန့်စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်အချိန် အကြမ်းဖက်စစ်သား ၂၀ ခန့် ချဉ်းကပ်လာခြင်းကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲမှာ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးခန့်သေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း၊ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးရယူစစ်ဆေးဆောင်ရွက်ခြင်းကို နေ့စဉ် ပြုလုပ်လျက်ရှ်ကြောင်း သိရှိရသည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းတွင် သွားလာနေသည့် မော်တော်ယာဉ်များအနေဖြင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံရန် ၊ စစ်ကောင်စီနှင့်ပတ်သက်သော လူများ၊ ပစ္စည်းများ တင်င်ဆောင်တာမျိုးမပြုလုပ်ရန်၊ စစ်ကောင်စီတပ်ယာဉ်များနှင့် လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ရန်၊ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ယာဉ်များ ကြည်ဖြူစွာအစစ်ဆေးခံရန် KNLA၊ PDF ပူးပေါင်းတပ်များက တိုက်တွန်းချက်များ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article