35 C
Yangon

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယမြောက်နေ့တွင် စစ်ကောင်စီ၏ တပ်စခန်း ၁၅ ခုကို သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ ၈၅ ဦးကျော်သေဆုံးပြီး ၃ ဦးအရှင်မိ

Must read

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယမြောက်နေ့တွင် စစ်ကောင်စီ၏ တပ်စခန်း ၁၅ ခုကို သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ ၈၅ ဦးကျော်သေဆုံးပြီး ၃ ဦးအရှင်မိ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယမြောက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းကို ၁၅ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ပူးပေါင်း စစ်ဆင်ရေးခကြေညာချက် ထုတ်ပြန်သည့် ဒုတိယ​မြောက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) က စစ်အောင်ပွဲများ အကြီးအကျယ် ချဲ့ထွင်နိုင်ခဲ့ပြီး တစ်ရက်ထဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့၏ တပ်စခန်း ၁၅ ခု ကို ထပ်မံ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

မာကြာတစ် ပေါက်ပေါက် တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းကို တိုက်ခိုက်သိမ်းယူခြင်းမှာ စစ်ရေးအရ အလွန်အ‌ရေးကြီးကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား အမြောက်အများ သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA)သည် ကိုးကန့် ‌ဒေသတွင်းရှိ အကြမ်းဖက် စစ်တပ်၏ တာအပ်ထိုက် တပ်စခန်းကို ဦးစွာ ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၉ နာရီခန့် တွင် MNDAA က ချင်းရွှေဟော်ဒေသရှိ စစ်တပ်၏ အခိုင်မာဆုံး တပ်စခန်း (မာကြာတစ်ပေါက် ပေါက်တောင်ကုန်း) ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA က ပြင်းထန်စွာ တိုက်ခိုက်ခြင်းကြောင့် မွန်းခွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တပ်စခန်းကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း MNDAA က လက်နက် ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိပြီး သံချပ်ကာယာဥ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သား အလောင်း ၁၅ လောင်း တပ်စခန်းတွင် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီ တပ်ဖွဲ့သည် လေကြောင်း ပို့ဆောင်ယာဥ်ဖြင့် ချင်းရွှေဟော်ဒေသကို စစ်ပစ္စည်းနှင့် လူအင်အား ၈၀ ကျော် ဝေဟင်မှ‌ လေထီးဖြင့် ပို့ချခဲ့ကြောင်း၊ သို့သော် MNDAA က ၎င်းလှုပ်ရှားမှုကို တွေ့ရှိပြီး ချက်ချင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ၎င်းတို့ ပို့ချလာသော တပ်ဖွဲ့ဝင်ထဲမှ စစ်သား ၇၀ ကျော်ကို သေဆုံးခဲ့ပြီး ၃ ဦးကို ဖမ်းဆီးရရှိကာ စစ်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မုံးကိုးဒေသတွင် MNDAA နှင့် မုံးကိုးဒေသ လုံခြုံရေးအဖွဲ့တို့သည် နမ်ကျွမ့်ဒေသ ရှောက်ရင်ဖန် ၊ နမ်ဟ ၊ မန်ပင် ၊ မိုင်းရန်ကျွမ်ဖိုင် ပေါက်ပေါက်တောင်ကုန်း ၊ ချင်ချိုင့်ထန် နှင့် မာလင်ရှူ-ဖောင်းဆိုင်လက်ဝဲဘက်အောက်ပိုင်း ဒေသရှိ တပ်စခန်းစုစုပေါင်း ၉ ခုတို့ကို ဆက်တိုက်သိမ်းယူခဲ့ကြောင်း၊ MNDAA က အခြားအင်အားတစ်စု၏ တိုက်ခိုက်မှုအောက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မန်ယန်နေရာရှိ ခဲယမ်း သိုလှောင်ခန်း (ဂိုဒေါင်) ကို ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မူပန်တိုက်ပွဲတွင် MNDAA က စစ်ကောင်စီတပ်ဖွဲ့၏ နမာရွာရှိ ကွမ်ပေါက်စခန်း ၊ မူပန်ဂိတ် ၊ လားရှိုးကွမ်ယုံအနောက်ဘက် တောင်တန်းနှင့် နမ်ကျန့်ဂိတ်ကို တိုက်ခိုက် သိမ်းယူခဲ့ကြောင်း၊ လားရှိုးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဗျူဟာကုန်း(၆၈) ၊ နာတစ်ကျေးရွာ(၄၁)မိုင် ၊ နာတစ်တံတားနှင့် ကွမ်လုံဒေသရှိတပ်စခန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article