ရှမ်းမြောက်တိုက်ပွဲများတွင် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ ၇ ဦးသေဆုံး
■ သောင်းနှင့် ချီသော ပြည်သူများ ပိတ်မိနေပြီး စစ်တပ်က ကျေးရွာများအတွင်းမှ ထွက်ခွာခွင့် မပေး
ရန်ကုန်၊ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကျောက်မဲမြို့နယ်များ၌ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသနေ ပြည်သူများကို ထွက်ခွာခွင့် မပေးဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုကာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း Tai Students’ Union အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်များရှိသည် တောင်မြို့ဘက်ခြမ်း၌ ကျေးရွာအုပ်စု ၁၀ ခုနီးပါးမှ လူဦးရေ ၄ သောင်းနှင့် ၅သောင်း အကြားတို့သည် စစ်ကောင်စီ၏ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခြင်း၊ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားနေခြင်းတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိဘဲ ပိတ်မိလျက်ရှိကြောင်း၊ သိန္နီ မြို့အထွက် ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်လာသူ တစ်ထောင်ကျော်ခန့် ရှိနေပြီး ကျောင်းရှေ့ရှိ စစ်ကောင်စီ၏ ၆၉ တပ်မှ စစ်ဘေးရှောင်ပြည်သူများ ထွက်လာလျှင် သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေပြီး လက်နက်ကြီး ထိမှန်မှုကြောင့် ဆေးကုသခွင့်မရဘဲ သေဆုံးသူ ၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် သိန္နီမြို့အတွင်းရှိ ပြည်သူများမှာလည်း နီးစပ်ရာဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ တွင် တိမ်းရှောင်လျက်ရှိပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်း အင်တာနက်လိုင်းများဖြတ်တောက် ထားခြင်းတို့ကြောင့် အသေးစိတ် အချက်အလက်များ မသိရသေးကြောင်း Tai Students’ Union အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
“စစ်တပ်က ရွာသားတွေကို ပိတ်ထားပြီးတော့ ပေးမထွက်ခိုင်းတာ၊ လူသားတံတိုင်းလုပ်နေတာ၊ ရွာသား တွေအရမ်းကို ဒုက္ခရောက်နေတယ်၊ အဓိက က သိန္နီမှာ ပိတ်မိနေတာ၊ စစ်တပ်တွေရှိတဲ့ သိန္နီ၊ တောင်မြို့ ဘက်မှာ စစ်တပ်က ဆေးကုသခွင့်မပေးဘူး၊ စစ်ရှောင်နေတဲ့ ဘုန်းကြီးကျောင်းတွေ ရှိတယ်၊ အိမ်တွေ လည်းရှိတယ်၊ အဲဒီကနေ ထွက်တာနဲ့ တပ်ထဲကနေ လှမ်းပစ်တာ၊ ရှင်းရှင်းပြောရရင်တော့ ပြည်သူတွေ ကို လူသားတံတိုင်း လုပ်ထားတဲ့ ပုံစံမျိုးဖြစ်နေတာ၊ နောက်တစ်ခု လားရှိုးဘက်ကရွာတွေကျတော့လည်း စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတဲ့ အခါကျတော့ ရွာကနေ ထွက်လာလို့မရဘူး၊ တချို့ ဆိုရင် ကတုတ်ကျင်းထဲမှာပဲ တစ်ရက်လုံးနေရတာမျိုး ရှိတယ်၊ စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီး ကျောင်း သုံးလေးငါးခုကိုလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိတယ်၊ စစ်တပ်က ဆက်တိုက်ပစ်နေ တော့သွားပြီးမှလည်း ကူညီလို့မရဘူး၊ အဲဒီတော့ အရမ်းဒုက္ခရောက်နေကြတယ်” ဟု Tai Students’ Union အဖွဲ့တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။
လားရိူးမြို့တွင် စစ်ဘေးရှောင်စခန်း ၈ ခု၌ စစ်ရှောင်ပြည်သူ ၃၄၅၀ ဦးရှိနေပြီး နီးစပ်ရာတော ထဲတွင် တိမ်း ရှောင်နေသူများလည်းရှိကြောင်း၊ လားရိူး-မိုင်းယော်လမ်းရှိ ကျေးရွာ ၄ ရွာခန့်တွင် ရွာသို့ပြန်ပြီး အခြေအနေ ကြည့်သည် ရွာသား တစ်ရာကျော်ခန့်သည် ကျေးရွာအတွင်းရှိ ကတုတ်ကျင်းများ အတွင်း၌ ပုန်းအောင်းနေရကြောင်း၊ မိုင်းတင်၊ ကုန်သာ၊ ကောင်းခန် ဘုန်းကြီးကျောင်းများမှ စစ်ဘေးရှောင်စခန်း များကိုလည်း လားရိူးမြို့ရှိ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး အရေးပေါ်နေရာ ရွှေ့ပြောင်း ရန် လိုအပ်လျက်ကြောင်း သိရသည်။
လားရိူးမြို့ရှိ မန်ဆူစစ်ရှောင်စခန်းတွင်လည်း လူပြည့်နေပြီး စစ်တပ်က လက်နက်ကြီးဖြင့် မရပ်မနားပစ် မှုနေကြောင့် စစ်ရှောင်ပြည်သူများကို လက်ခံရန် နေရာအသစ်များ လိုအပ်လျက်ရှိကြောင်း၊ ထို့အပြင် အ ရေး ပေါ်စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမှုကြောင့် ထိခိုက်ဒဏ်ရာရရှိုသည့် ပြည်သူဦးရေမှာ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ ဘုန်းကြီးကျောင်းတွင်လည်း စစ်ရှောင်ပြည်သူ ၃၂၆ ဦး ရောက်ရှိ နေပြီး အချို့ကျေးရွာများတွင် ပိတ်မိနေသောပြည်သူများလဲ ကျန်ရှိနေကြောင်း၊ အလားတူ နမ့်ခမ်းမြို့ နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကာ အရပ်သားထိခိုက်မှုနှင့် စစ်ရှောင်များရှိနေ သော်လည်း အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းဖြတ်တောက်ခံရမှုကြောင့် အတိအကျ မသိရသေးကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့နယ်တွင် ၂ ဦး သေ ဆုံးပြီး အသက် ၅ နှစ် အောက် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း၊ ထို့အပြင် နမ့်ဖတ်ကာ မြို့တွင် ၂ ဦး၊ သိန္နီမြို့တွင် ၂ ဦး၊ လားရှိုးမြို့ တွင် ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံးထားကြောင်း သိရသည်။
အရပ်သားပြည်သူများအား လူသားတံတိုင်းပြုလုပ်ကာ ရှောင်တိမ်းခွင့် မပေးမှု၊ ဆေးကုသခွင့်မပေးမှု တို့ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း သျှမ်းလူငယ်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
ထို့ပြင် သက်ဆိုင်သူအသီးသီး နှင့် မိဘပြည်သူများ အနေဖြင့် လားရိူး မြို့အတွင်းရှိ အရေးပေါ်ထွက် ခွာ ရန်လိုအပ်သော စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီပေးခြင်း၊ စစ် ရှောင်စခန်းများ ဖွင့်လှစ် ပေး ခြင်း၊ လိုအပ်သော စားနပ်ရိက္ခာများ၊ အသုံးအဆောင်များ အတွက် ကူ ညီ လှူဒါန်းပေးခြင်းတို့ ဆောင် ရွက်ပေးကြပါရန် သျှမ်းလူငယ်အဖွဲ့အစည်းများက မေတ္တာရပ်ခံထားသည်။
Photo – လားရှိုးမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား တွေ့ရစဥ်။

