သိန္နီမြို့နယ်ရှိ မိုင်းလီ စစ်ကောင်စီတပ်စခန်းကို TNLA က သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိ၊ ကွတ်ခိုင်နှင့်လားရှိုးတွင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်နေ
ရန်ကုန်၊ အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ စစ်ကောင်စီ၏ မိုင်းလီ တပ်စခန်း ၁ ခုကို ယမန်နေ့ ညပိုင်းတအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံ သေနက် ၁၄ လက်၊ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ 40 MM ဗုံးသီး ၁၂ လုံး၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့မိကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၃၀ရက်နေ့ န့နက် ၄ နာရီ ၁၅ မိနစ်အချိန် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်ကျက်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ရှမ်းပြည်နယ် မြောက် ပိုင်း၊ ကွတ်ခိုင်-နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်စစ်ဆေးရေးဂိတ်တံတားရှိ စစ်တပ်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်း ထန် နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။