26 C
Yangon

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ အနီးရှိ စစ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ အနီးရှိ စစ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ် အချိန်ခန့်တွင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာရှိ တာဝါတိုင်အနီး စစ်စခန်းကုန်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ၃ နာရီ‌ကျော်ကြာမြင့်ခဲ့သည့် စီးနင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား အများအပြားလည်း ထိခိုက်ဒဏ်ရာခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း အနီးရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များ ကျည်ဆံမလုံလောက်သဖြင့် ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ Dawei Defense Force (D.D.F) ၊ Dawei Defense Team(D.D.T) နှင့် Guerrilla Dawei တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article