24 C
Yangon

မြို့သိမ်းတိုက်ပွဲ များ ကြောင့် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်များနှင့် ကုန်သွယ် ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရဟု စစ်ကောင်စီ ဝန်ခံ

Must read

မြို့သိမ်းတိုက်ပွဲ များ ကြောင့် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်များနှင့် ကုန်သွယ် ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရဟု စစ်ကောင်စီ ဝန်ခံ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

အကြမ်းဖက်စစ်တပ်က လက်လွှတ်လိုက်ရသည့် ချင်းရွှေဟော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မူဆယ်တို့တွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ဂိတ်များ ရပ်ဆိုင်းထားရကြောင်း စစ်ကောင်စီက ဝန်ခံ ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၉ ရက်နေ့ ရန်ကုန်ရှိ အကောက်ခွန်ဦးစီးဌာန အစည်းအဝေးခန်းမတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံသည့် ပွဲတွင် စစ်ကောင်စီဘက်က ထိုသို့ ဝန်ခံပြောဆိုလိုက်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်စီမံရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန ညွှန်ချုပ် သိန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဝင်းလွင် တို့ ဦးဆောင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

စစ်ကောင်စီက မြန်မာ-တရုတ်နယ်စပ်တွင် ချင်းရွှေဟော်နှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဂိတ်များ ရပ်ဆိုင်းနေရသည့်အတွက် ကုန်သွယ်နေသောလုပ်ငန်းများ ကြန့်ကြာမှု မရှိစေရန် အခြားကုန်သွယ်ရေးစခန်းများနှင့် ပင်လယ်ရေကြောင်းမှ တစ်ဆင့် ကုန်သွယ်ရေး လုပ်ဆောင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို အသိပေး ခဲ့ကြောင်း သိရှိရသည်။

“ပို့ကုန်လိုင်စင်ရရှိပြီးသား ခွင့်ပြုချက်ရရှိပြီးသား ပစ္စည်းတွေကို မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်ဘက်က ပို့လို့မရတော့ အခြားနယ်စပ်စခန်းတွေကနေ ပို့ခွင့်ပေးမယ်။ ဒါ့အပြင် ရေကြောင်းကနေလည်း တင်ပို့ချင်ရင် ခွင့်ပြုပေးမယ်လို့ ပြောတယ်။ သွင်းကုန်သမားတွေကိုလည်း သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသားဆိုရင် အခြားနယ်စပ်ကုန်သွယ်ရေးစခန်းတွေကတစ်ဆင့် သွင်းခွင့်ပေးမယ်။ ပင်လယ်ရေကြောင်းကလည်း သွင်းခွင့်ပေးမယ်ဆိုပြီး ခေါ်ပြောတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- MNDAA က တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article